Eleven Media Group

■ ရစ်ချာလီဆန်ကို ပြန်လည်ခေါ်ယူရန် အဲဗာတန်အသင်း လိုလားနေ

အဲဗာတန်အသင်းသည် စပါးအသင်းမှ ဘရာဇီးလ်တိုက်စစ်မှူး ရစ်ချာလီဆန်ကို အသင်းထံ ပြန်လည်ခေါ်ယူရန် လိုလားနေကြောင်း သိရသည်။

ရစ်ချာလီဆန်(၂၇ နှစ်)သည် ၂၀၂၂ နွေရာသီ တွင် အဲဗာတန်မှ စပါးသို့ ပေါင်သန်း(၆၀)ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး စပါးအသင်းတွင် မျှော်မှန်းသလောက် ခြေစွမ်းပြနိုင်ခြင်းမရှိပေ။

၎င်းသည် စပါးအသင်းအတွက် (၃) ရာသီအတွင်း ပြိုင်ပွဲစုံ (၈၇) ပွဲသာ ကစားနိုင်သေးပြီး ဂိုး (၂၀) သာ သွင်းယူထားနိုင်သေးသည်။

ထို့ကြောင့် အဲဗာတန်အသင်းက ပြန်လည်ခေါ်ယူရန်လိုလားနေခြင်းဖြစ်ပြီး အငှားဖြင့် ဦးစွာခေါ်ယူ၍ ၎င်း၏ ကြံ့ခိုင်မှုအပေါ် မူတည်ကာ အပြီးသတ်ခေါ်ယူမည့် သဘောတူညီမှု ရယူသွားဖွယ်ရှိကြောင်း သိရသည်။

ရစ်ချာလီဆန်သည် စပါးအသင်းထံသို့ မပြောင်းရွှေ့မီက အဲဗာတန်အသင်းတွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ (၄) ရာသီကြာ ကစားခဲ့ပြီး ပြိုင်ပွဲစုံ (၁၅၂) ပွဲတွင် (၅၃) ဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group