Eleven Media Group

စီးရီးအေပွဲစဉ်(၃၆) ပွဲကြိုသုံးသပ်ချက်

Photo: X

ဗင်နီဇီယာ နှင့် ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် တနင်္လာည ၁၁းဝ၀ နာရီ)

ဗင်နီဇီယာက တန်းမဆင်းရဖို့ ရုန်းကန်နေပြီး စီးရီးအေနောက်ဆုံး (၅)ပွဲမှာလည်း (၁)ပွဲပဲ ရှုံးခဲ့တယ်။ ဖီအိုရင်တီးနားက အသင်းကောင်းတစ်သင်းဖြစ်ပေမဲ့ ကွန်းဖရန့်လိဂ်ကစားထားတာကြောင့် ပွဲပန်းနေနိုင်ပါတယ်။ ဗင်နီဇီယာကို အရဲစွန့်ရွေးချယ်ချင်တယ်။

အတ္တလန်တာ နှင့် ရိုးမား (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)

ဒီတစ်ပတ်ရဲ့ အကောင်းဆုံးပွဲစဉ်ဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အတော့်ကို အရေးပါနေတဲ့ပွဲကို ယှဉ်ပြိုင်ရမှာဖြစ်တယ်။ အတ္တလန်တာက နောက်ဆုံးပွဲမှာ မွန်ဇာကို ဂိုးပြတ်ကစားပြီး တိုက်စစ်အစွမ်းပြခဲ့တယ်။ ဒါပေမဲ့ ခက်တာက စီးရီးအေအိမ်ကွင်းနောက်ဆုံး (၉)ပွဲမှာ (၁)ပွဲပဲ နိုင်ခဲ့တဲ့ သူတို့ရဲ့ အိမ်ကွင်းစွမ်းဆောင်ရည်ပါ။ ရိုးမားကတော့ စီးရီးအေနောက်ဆုံး (၁၉)ပွဲဆက် ရှုံးပွဲမရှိကစားနိုင်ခဲ့ပြီး အင်တာမီလန်လိုအသင်းကိုတောင် အဝေးကွင်းမှာ အနိုင်ယူပြခဲ့တယ်။ ရိုးမား သရေနဲ့ အနိုင်ပဲလို့ ထင်မိတယ်။

မူရင်းသတင်း — Eleven Media Group