NP News

စစ်တွေမြို့ ဝေသာလီအားကစားကွင်းတွင် မိုးလုံလေလုံ အားကစားရုံအသစ် တည်ဆောက်မည်

သန့်ဇင်(NP News)-နိုဝင်ဘာ ၁၆
ရခိုင်ပြည်နယ် စစ်တွေမြို့ ဝေသာလီအားကစားကွင်းအတွင်း၌ မိုးလုံလေလုံအားကစားရုံအဆောက်အအုံသစ် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ အားကစားရုံတည်ဆောက်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယမန်နေ့(နိုဝင်ဘာ ၁၅ ရက်) နံနက်ပိုင်းက ဆောက်လုပ်မည့် မြေနေရာတွင် ကျင်းပခဲ့ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်တွေမြို့ ဓမ္မာရာမကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တသုမင်္ဂလထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်များက အန္တရာယ်ကင်း ပရိတ်တရား တော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ယင်းအားကစားရုံအား သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး ဆောင်ရွက်သွားကြရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက ပြောကြားခဲ့သည်။
စစ်တွေမြိုရှိ ဝေသာလီအားကစားကွင်းသည် ရခိုင်ယူနိုက်တက်ဘောလုံးအသင်း၏ အိမ်ကွင်းအဖြစ် လက်ရှိတွင် အသုံးနေသော ဘောလုံးကွင်းဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — NP News