Eleven Media Group

လွှစက်နဲ့ဖြတ်တဲ့ သံယောဇဉ် (Life)

Photo : X

အာဆင်နယ်အသင်းရဲ့ ဂိုးသမားဟောင်း လေမန်းကိုတော့ ဘောလုံးပရိသတ်အတော်များများ မှတ်မိကြဦးမယ်ထင်ပါတယ်။ အာဆင်နယ်အသင်းမှာ ပြိုင်ပွဲစုံပွဲပေါင်း(၂၀၀)ကစားခဲ့ပြီး အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရှုံးပွဲမရှိရယူခဲ့တဲ့ ၂၀၀၃-၀၄ ရာသီမှာ (၃၈)ပွဲစလုံး ပါဝင်ကစားကာ လက်စွမ်းပြခဲ့သူလည်း ဖြစ်ပါတယ်။

အခု လေမန်းရဲ့အကြောင်း ဥရောပမီဒီယာတွေမှာ ဖော်ပြလာတာကတော့ အာဆင်နယ်အသင်းနဲ့ ရွှေဖလားရခဲ့တာကြောင့် မဟုတ်ပါဘူး။ သူ့ရဲ့ ဇနီး ကွန်နီက လေမန်းနဲ့ ကွာရှင်းပြတ်စဲထားပြီဖြစ်ပြီး အတည်ပြုခဲ့တာကြောင့်ပါပဲ။ လေမန်းနဲ့ ကွန်နီတို့က ၁၉၉၉ ခုနှစ်ကတည်းက လက်ထပ်ခဲ့တာကြောင့် အိမ်ထောင်သက် (၂၅)နှစ်ကျော် ရှိနေခဲ့ပါ ပြီ။ ဂျာမန်ကွင်းလယ်ကစားသမားဟောင်း ရိန်းဟတ်နဲ့ လက်ထပ်ပြီး ကလေးတစ်ယောက်ရခဲ့တဲ့ ကွန်နီကို လေမန်းက လက်ထပ်ယူခဲ့တာပါ။ လေမန်းနဲ့ ကွန်နီတို့လည်း ရင်သွေးနှစ်ယောက် ထွန်းကားခဲ့ပါတယ်။ ပျော်ရွှင်စရာမိသားစုဘဝတစ်ခုကို သူတို့ ထူထောင်နိုင်ခဲ့ကြပေမဲ့ ၂၀၂၂ နွေရာသီမှာတော့ လေမန်းက ကွန်နီအတွက် ချောက်ချားစရာလုပ်ရပ်တစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ ကားပါကင်ကြေး မပေးတဲ့ကိစ္စအတွက် ပြဿနာဖြစ်ပြီး အိမ်နီးချင်းရဲ့ ကားဂိုဒေါင်ကို လွှစက်နဲ့ သွားဖြတ်ခဲ့တာပါ။ ဒါကြောင့် ဆိုင်းငံ့ထောင်ဒဏ်နဲ့ ဒဏ်ကြေးတွေ ပေးဆောင်ခဲ့ရသလို၊ ကွန်နီကလည်း သူနဲ့ ဆက်ပြီးမပေါင်းသင်းတော့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နှစ်ဦးကြား (၂၅)နှစ်ကြာ ချည်နှောင်ခဲ့တဲ့ သံယောဇဉ်ကြိုးကို လေမန်းက လွှစက်နဲ့ ဖြတ်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။ အခုတော့ ကွန်နီက လက်တွဲဖော်အသစ်တွေ့နေပြီ လို့တောင် သတင်းထွက်နေပါပြီ။ ဒါပေမဲ့ လေမန်းနဲ့ ကွာရှင်းပြတ်စဲထားပြီဆိုတဲ့အကြောင်း ဂျာမန်မီဒီယာ Bild ကို အတည်ပြုခဲ့ရာမှာတော့ ကွန်နီက "ကျွန်မ Single ဖြစ်နေပါပြီ။ ပျော်ရွှင်နေတဲ့ Single တစ်ယောက်ပါ"လို့ ဆိုခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group