Eleven Media Group

သူတို့ လမ်းခွဲခဲ့ကြပြန်ပြီတဲ့ (Life)

Photo : X

သူတို့ဆိုတာက ဂျူဗင်တပ်စ်အမျိုးသားအသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဒူးဂလပ်စ်လူးဝစ်ဇ်နဲ့ ဂျူဗင်တပ်စ်အမျိုးသမီးအသင်းက ဆွစ်ဇာလန်တိုက်စစ်မှူး အယ်လစ်ရှာလေမန်းတို့ပါ။ လိုက်ဖက်ညီတဲ့ ဘောလုံးမောင်နှံအဖြစ် သတ်မှတ်ခံထားရတဲ့ သူတို့နှစ်ယောက် ပြီးခဲ့တဲ့ ဧပြီလမှာကတည်းက လမ်းခွဲခဲ့ကြခြင်းဖြစ်တယ်လို့ Gazzetta dello Sport က ဆိုပါတယ်။

သူတို့ဆိုတာက ဂျူဗင်တပ်စ်အမျိုးသားအသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဒူးဂလပ်စ်လူးဝစ်ဇ်နဲ့ ဂျူဗင်တပ်စ်အမျိုးသမီးအသင်းက ဆွစ်ဇာလန်တိုက်စစ်မှူး အယ်လစ်ရှာလေမန်းတို့ပါ။ လိုက်ဖက်ညီတဲ့ ဘောလုံးမောင်နှံအဖြစ် သတ်မှတ်ခံထားရတဲ့ သူတို့နှစ်ယောက် ပြီးခဲ့တဲ့ ဧပြီလမှာကတည်းက လမ်းခွဲခဲ့ကြခြင်းဖြစ်တယ်လို့ Gazzetta dello Sport က ဆိုပါတယ်။

ဒူးဂလပ်စ်လူးဝစ်ဇ်နဲ့ အယ်လစ်ရှာလေမန်းတို့ကတော့ သူတို့ရဲ့ အချစ်ရေးအကြောင်းကို ထုတ်မပြောကြသေးပါဘူး။ ဒါပေမဲ့ နှစ်ဦးအတူ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို Instagram ကနေ ဖယ်ရှားပစ်ခဲ့ကြတာ။ ဂျူဗင်တပ်စ်အမျိုးသမီးအသင်းရဲ့ အောင်ပွဲခံအခမ်းအနားမှာ ဒူးဂလပ်စ်လူးဝစ်ဇ်ကို မမြင်တွေ့ရတာတွေကြောင့် အီတလီမီဒီယာတွေက သူတို့နှစ်ဦး လမ်းခွဲခဲ့ကြပြီလို့ ဖော်ပြခဲ့ကြခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ(၉)ရက်နေ့မှာတော့ လမ်းခွဲသတင်း ခိုင်မာကြောင်း ဒူးဂလပ်စ်လူးဝစ်ဇ်က ထပ်မံသက်သေပြခဲ့ပါတယ်။ (၂၇)နှစ်မြောက်မွေးနေ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း ပို့စ်တင်ရာမှာ သူ့နံဘေးမှာ ဘယ်သူမှ ရှိမနေကြောင်း ပြသခဲ့ခြင်းပါပဲ။ အယ်လစ်ရှာလေမန်းသာ သူ့ရဲ့ချစ်သူအဖြစ် ရှိနေခဲ့မယ်ဆိုရင် ချစ်သူနဲ့အတူ မွေးနေ့ပွဲဆင် နွှဲနေတာမျိုးဖြစ်ဖြစ်၊ ချစ်သူက မွေးနေ့ဆုတောင်းပေးတာမျိုးဖြစ်ဖြစ် မြင်တွေ့နေရမှာမဟုတ်လား။ အခုတော့ ဒူးဂလပ်စ်လူးဝစ်ဇ်အနေနဲ့ မွေးနေ့ကာလတစ်ခုကို အထီးကျန်စွာ ကုန်လွန်ခဲ့ရသလို၊ အယ်လစ်ရှာ အနေနဲ့လည်း ဂျူဗင်တပ်စ်အမျိုးသမီးအသင်းရဲ့ စီးရီးအေအောင်ပွဲကို ချစ်သူနဲ့ မျှဝေခွင့် မရခဲ့ပါဘူး။

သူတို့ရဲ့ လမ်းခွဲခြင်းက စိတ်အခန့်မသင့်တုန်း အခိုက်အတန့်လေးပဲလား၊ ထာဝရလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။ ဘာကြောင့်လဲဆိုတော့ အရင်ကလည်း သူတို့ လမ်းခွဲပြီးမှ ပြန်ပေါင်းထုပ်ခဲ့ ဖူးတာကြောင့်ပါပဲ။ သူတို့နှစ်ယောက်က အက်စတွန်ဗီလာအသင်းမှာ စတင်ဆုံတွေ့ခဲ့ကြတဲ့ ဘောလုံးမောင်နှံပါ။ ၂၀၂၁ မှာ သူတို့ စတွဲခဲ့ကြပြီး တစ်နှစ်အကြာမှ ပြတ်စဲခဲ့ကြပါသေးတယ်။ ဒါပေမဲ့ ၂၀၂၄ မှာ ပြန်တွဲခဲ့ကြပြီး အရင်ကထက် အချစ်တွေ ပိုတိုးလာခဲ့ကြပါတယ်။ ၂၀၂၄ နွေရာသီမှာ ဂျူဗင်တပ်စ်ကို နှစ်ဦးအတူ ပြောင်းရွှေ့ခဲ့ကြပြီး ဘဝအသစ် စတင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒူးဂလပ်စ်လူးဝစ်ဇ်က ဂျူဗင်တပ်စ်အသင်းမှာ ရုန်းကန်နေရတာကြောင့် အင်္ဂလန်ကို ပြန်လည်ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပြီး အယ်လစ်ရှာက အီတလီမှာပဲ ဆက်နေချင်တာကြောင့် သဘောထားကွဲလွဲခဲ့ကြခြင်းဖြစ်တယ်လို့လည်း သတင်းထွက်လာပါတယ်။ တကယ်ပဲ သူတို့ရဲ့ချစ်ခြင်း အဆုံးသတ်ခဲ့ပြီလား။ ဒါမှမဟုတ် အသင်းသစ်တစ်သင်းမှာပဲ ဘောလုံးမောင်နှံတွေအဖြစ် ထပ်ပြီးမြင်တွေ့ရဦးမလား ဆိုတာကိုတော့ . . . ။

မူရင်းသတင်း — Eleven Media Group