
ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ၎င်း၏ ရီးယဲလ်နည်းပြရာထူးကို ဆက်ခံဖွယ်ရှိနေသည့် လေဗာကူဆင်နည်းပြ အလွန်ဆိုကို ချီးကျူးခဲ့သည်။
လေဗာကူဆင်နည်းပြ အလွန်ဆိုသည် ယခုရာသီကုနု်တွင် အသင်းမှထွက်ခွာမည်ဟု ကြေညာထားပြီး လာမည့်ရာသီတွင် အန်ဆယ်လော့တီ၏နေရာကို ဆက်ခံမည်ဟု သတင်းထွက်နေသူဖြစ်သည်။
အန်ဆယ်လော့တီက အလွန်ဆိုကို အသင်းတိုင်းက သဘောကျပြီး ၎င်းင်းသည် ကမ္ဘာ့အကောင်းဆုံးနည်းပြတစ်ဦး ဖြစ်ကြောင်း ချီးကျူးခဲ့ခြင်းဖြစ်သည်။
နာမည်ကျော် အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုကမူ ရီးယဲလ်အသင်းသည် အလွန်ဆိုကို နည်းပြသစ်အဖြစ် ၂၀၂၈ ခုနှစ်အထိ (၃)နှစ်စာချုပ်ဖြင့် ခန့်အပ်ရန် သဘောတူညီမှုရရှိပြီဖြစ်ကြောင်းနှင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမည့်ဇွန်(၁၄)တွင် စတင်မည်ဖြစ်ပြီး ရီးယဲလ်အသင်းသည် အုပ်စုအဖွင့်ပွဲကို ဇွန်(၁၈)တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။