Eleven Media Group

ပြဿနာများကို ဖြေရှင်းနိုင်ခြင်းမရှိဘဲ ယခုပုံစံအတိုင်း ဆက်သွားပါက ရာထူးမှ ထုတ်ပယ်ခံရနိုင်ကြောင်း မန်ယူနည်းပြ အာမိုရင်မ် ဝန်ခံ

Photo: Premier League

မန်ယူအသင်း၏နည်းပြ အာမိုရင်မ်က ပြဿနာများကို ဖြေရှင်းနိုင်ခြင်းမရှိဘဲ ယခုပုံစံအတိုင်း ဆက်သွားပါက ရာထူးမှ ထုတ်ပယ်ခံရနိုင်ကြောင်း ဝန်ခံပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီတွင် စံချိန်တင်ရှုံးပွဲများနှင့် ရင်ဆိုင်နေရသည့်အတွက် မေးမြန်းမှုအပေါ် အာမိုရင်မ်က ''ကျွန်တော် ကစားသမားတွေအကြောင်း မပြောချင်ပါဘူး။ ကိုယ့်အကြောင်းပဲ ကိုယ်ပြောမှာပါ။ ကျွန်တော်က ဒီကလပ်မှာရှိတဲ့ ယဉ်ကျေးမှုအကြောင်းနဲ့ အသင်းမှာရှိတဲ့ ယဉ်ကျေးမှုအကြောင်းပဲ ပြောမှာပါ။ လာမယ့်နွေရာသီမှာ ကျွန်တော်တို့ တကယ်ကိုသန်မာပြီး သတ္တိရှိဖို့ လိုပါတယ်။ အခုလိုပုံစံမျိုးနဲ့သာ ရာသီအစကတည်းက စတင်ခဲ့ရင် နောက်ရာသီ ကျွန်တော်တို့ ရှိနေမှာ မဟုတ်ပါဘူး'' ဟု ဖြေကြားခဲ့သည်။
ထို့ပြင် ၎င်းက ''မန်ချက်စတာယူနိုက်တက်နည်းပြတစ်ယောက်အနေနဲ့ ဒီလိုအဆင့်မျိုးမှာ ဘယ်လိုခံစားနေရမလဲ။ ဒါက ရှက်ရွံ့စရာဖြစ်ပြီး လက်ခံနိုင်ဖို့ ခက်ခဲပါတယ်။ ကျွန်တော့်အတွက် အကြီးမားဆုံး စိုးရိမ်စရာက ဒါတွေက အဆင်ပြေပါတယ်ဆိုတဲ့ ခံစားမှုပါပဲ။ ကျွန်တော်တို့အနေနဲ့ ကိုယ့်ရဲ့အဆင့်ရပ်တည်မှုကို အများကြီး အပြောင်းအလဲမလုပ်နိုင်ပါဘူး။ အဲဒါက အဆင်ပြေတယ် ဆိုတာပါပဲ။ ဒါကအခုအချိန်မှာ အသင်းရဲ့အကြီးဆုံးပြဿနာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ကိုယ့်ရဲ့ အသင်းဟာ ထိပ်တန်းအသင်းဖြစ်တယ်ဆိုတဲ့ခံစားချက် ပျောက်ဆုံးနေလို့ပါ။ ထိပ်တန်းအသင်းတစ်သင်းအတွက် အိမ်ကွင်းရှုံးပွဲဆိုတာ ကမ္ဘာကြီးရဲ့ အဆုံးသတ်လိုပါပဲ။ အဲဒါက ကျွန်တော်တို့အသင်းအတွက် အကြီးမားဆုံးစိုးရိမ်စရာလို့ ကျွန်တော် ထင်တယ်'' ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group