Eleven Media Group

■ ချန်ပီယံဖြစ်ရန်သေချာနေပြီဟု မခံစားရသေးကြောင်း ဟန်ဆီဖလစ်ခ် ပြောကြား

Photo: FC Barcelona

လာလီဂါပြိုင်ပွဲ ရာသီပြီးဆုံးရန် လက်ကျန်သုံးပွဲအလိုတွင် ဒုတိယနေရာမှ ရီးယဲလ်အသင်းကို ခုနစ်မှတ်ဖြတ်ထားသော်လည်း ချန်ပီယံအဖြစ် မခံစားရသေးကြောင်း ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ခ်က ပြောကြားခဲ့သည်။

မေ (၁၁) ရက်က ယှဉ်ပြိုင်ကစားသည့် El Clásico ပွဲစဉ်တွင် ဘာစီလိုနာအသင်းက ရီးယဲလ်အသင်းအား နှစ်ဂိုးပြတ်ရှုံးနိမ့်နေရာမှ (၄-၃)ဂိုးဖြင့် ပြန်လည်အနိုင်ရခဲ့သည်။

ပွဲအစ ငါးမိနစ် (ပယ်နယ်တီ)နှင့် (၁၄) မိနစ်တွင် အမ်ဘာပေက နှစ်ဂိုးသွင်းယူခဲ့သောကြောင့် ဘာစီလိုနာအသင်း နောက်မှလိုက်ကစားခဲ့ရသော်လည်း (၁၉) မိနစ်တွင် အဲရစ်ဂါစီယာ၊ (၃၂) မိနစ်တွင် ယမားလ်နှင့် (၃၄၊ ၄၅) မိနစ်တွင် ရာဖင်ညာတို့က
လေးဂိုးဆက်တိုက် ပြန်လည်သွင်းယူပေးခဲ့သည်။

ရီးယဲလ်အသင်းအတွက် တတိယဂိုးကို မိ နစ် (၇၀) တွင် အမ်ဘာပေက သွင်းယူပြီး ဟက်ထရစ် ရရှိခဲ့သည်။

ပွဲစဉ် (၃၅) အပြီးတွင် ဘာစီလိုနာအသင်းက (၂၆) ပွဲနိုင်၊ လေးပွဲသရေ၊ ငါးပွဲရှုံးဖြင့် (၈၂) မှတ်ရရှိထားပြီး ဒုတိ ယနေရာမှ ရီးယဲလ်အသင်းအား ခုနစ်မှတ်ဖြတ်ထားနိုင်ပြီ ဖြစ်သည်။

သို့ဖြစ်ရာ ဘာစီလိုနာအသင်းအနေဖြင့် လက်ကျန်သုံးပွဲတွင် တစ်ပွဲအနိုင်ရရုံဖြင့် လာလီဂါချန်ပီယံဆု ရရှိမည်ဖြစ်သော်လည်း ဟန်ဆီဖလစ်ခ်က ယခုလိုပြောကြားခြင်းဖြစ်သည်။

''ကျွန်တော်တို့ ချန်ပီယံတွေလိုမျိုး မခံစားရသေးပါဘူး။ ကျွန်တော့်နှလုံးကို စစ်ဆေးရပါဦးမယ်။ သူတို့က သုံးဂိုးသွင်းရင် နည်းဗျူဟာအရ လေးဂိုးပြန်သွင်းမယ်လို့ ပြောရတာက လွယ်ပါတယ်။ ကျွန်တော်တို့ ခံစစ်ပိုင်းကို အများကြီးတိုးတက်လာအောင်လုပ်ဖို့ လိုပါသေးတယ်။ ကျွန်တော်တို့ ဖိအားပေးထားနိုင်ချိန်မှာ အဲဒါက အဆင်ပြေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အမှားလုပ်မိချိန်မှာတော့ အဲဒါက ရှုပ်ထွေးနိုင်ပါတယ်။ ဆုဖလားသုံးလုံးရတာက ကောင်းပါတယ်။ အခုဆိုရင် နိုင်ပွဲတစ်ပွဲပဲ လိုပါတော့တယ်။ ဒါပေမဲ့ ဒါက ဘောလုံးပါ။ ကျွန်တော်တို့က ကောင်းမွန်တဲ့ အခြေအနေမှာရှိနေပေမဲ့ ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ကျွန်တော်တို့ သုံးမှတ်လိုပါသေးတယ်။ ပြိုင်ဘက်အားလုံးက ကျွန်တော်တို့ကို အနိုင်ယူချင်နေတာပါ''ဟု ဟန်ဆီဖလစ်ခ်က ဆိုသည်။

မူရင်းသတင်း — Eleven Media Group