
နော်တင်ဟမ်အသင်းနည်းပြ နူနိုဆန်တိုသည် လက်စတာအသင်းနှင့်ပွဲအပြီးတွင် အသင်းပိုင်ရှင် မာရီနာကစ် ကွင်းအတွင်း ဝင်ရောက်လာခြင်းအတွက် ကာကွယ်ပြောကြားခဲ့ကြောင်း သိရသည်။
နော်တင်ဟမ်အသင်းသည် လက်စတာအသင်းကို အနိုင်မရဘဲ သရေကျခဲ့သော်လည်း (၂၉)နှစ်အတွင်း ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲဝင်ခွင့် တစ်ကျော့ပြန်ရရှိခဲ့ပြီဖြစ်သည်။
သို့သော် အသင်းပိုင်ရှင် မာရီနာကစ်မှာ ပွဲအပြီးတွင် ကွင်းအတွင်းသို့ ဝင်ရောက်လာပြီး နူနိုဆန်တိုနှင့် အပြန်အလှန် အချေအတင်စကားပြောခဲ့ကြသည်။
မာရီနာကစ်၏လုပ်ရပ်အပေါ် ဝေဖန်မှုများရှိနေရာ နူနိုက လူစားဝင်ကစားသမား အာဝိုနီယီ ဂိုးတိုင်နှင့်တိုက်မိပြီး ထိခိုက်သွားသော်လည်း လူစားမလဲဘဲ ဆက်လက်ကစားစေသည့် ဆုံးဖြတ်ချက်အတွက် အငြင်းပွားခဲ့ခြင်းသာဖြစ်ကြောင်း ကာကွယ်ပြောကြားခဲ့သည်။
နော်တင်ဟမ်ဖောရက်စ်အသင်းသည် လက်ရှိတွင် ရမှတ် ၆၂ မှတ်ဖြင့် အဆင့် ၇ နေရာရောက်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်ရရန် နီးစပ်နေသည်။
လက်ကျန် ပရီးမီးယားလိဂ်ပွဲစဉ်နှစ်ပွဲကို ဝက်စ်ဟမ်းနှင့် အဝေးကွင်းပွဲ၊ ချယ်လ်ဆီးနှင့် အိမ်ကွင်းပွဲစဉ်များ ကစားရမည်ဖြစ်သည်။