Eleven Media Group

■ လိဂ်ချန်ပီယံရှစ် Play-offs ဆီမီးဖိုင်နယ် (ဒုတိယအကျော့)နှင့် လာလီဂါပွဲစဉ်(၃၆) ပွဲကြိုသုံးသပ်ချက်

Photo: Sunderland

♦ ဆန်းဒါးလန်း - ကိုဗင်ထရီ (မြန်မာစံတော်ချိန် မေလ ၁၄ ရက် နံနက် ၁:၃၀ နာရီ)

ဆန်းဒါးလန်းအသင်း အဝေးကွင်းမှာ အနိုင်ကစားထားလို့ နောက်တစ်ဆင့်တက်ဖို့ အလားအလာပိုကောင်းနေတယ်။ ဒါပေမဲ့ ဖရန့်လမ်းပတ်ရဲ့ကိုဗင်ထရီအသင်းက မထင်မှတ်တာတွေ လုပ်ပြနိုင်တဲ့ အနေအထားရှိတယ်။ အသင်းလိုက်ခြေစွမ်းနဲ့ ကစားသမားပိုင်းကလည်း ဒီနှစ်သင်းကြား ခြားနားချက် သိပ်မရှိပါဘူး။ အဝေးကွင်းဖြစ်ပေမဲ့ ကိုဗင်ထရီကိုပဲ ရွေးချယ်တာ ပိုကောင်းမယ်။

♦ ဗယ်လာဒိုလစ် - ဂျီရိုနာ (မြန်မာစံတော်ချိန် မေလ ၁၃ ရက် ည ၁၁:၃၀ နာရီ)

တန်းဆင်းသွားပြီဖြစ်တဲ့ ဗယ်လာဒိုလစ်က အတော်ကိုဆိုးရွားနေတယ်။ ဂျီရိုနာကလည်း အမှတ်ရဖို့ကြိုးစားနေပေမဲ့ အဝေးကွင်းခြေစွမ်းက အားရစရာမရှိဘူးဖြစ်နေတယ်။ ဂိုးနည်းသရေပွဲလို့ ထင်မိတယ်။

♦ ဆိုစီဒက် - ဆယ်လ်တာဗီဂို (မြန်မာစံတော်ချိန် မေလ ၁၄ ရက် နံနက် ၀၀:၃၀ နာရီ)

(၂)သင်းစလုံး ဥရောပဝင်ခွင့်မျှော်လင့်ချက်အတွက် ကစားရမယ့်ပွဲမျိုးဖြစ်နေတယ်။ ခုတလော ဆယ်လ်တာဗီဂိုရဲ့အဝေးကွင်းကစားပုံ ပျော့သွားပြီး ခံစစ်ကလည်း အားနည်းသွားတာကြောင့် အမှတ်ရအောင်ရှာမယ့် ဆိုစီဒက်ရဲ့ အိမ်ကွင်းအားကို တောင့်ခံနိုင်ဖို့ ခက်ခဲနေဦးမှာ သေချာပါတယ်။ ဆိုစီဒက်ကလည်း နောက်ဆုံးပွဲမှာ အက်သလက်တီကိုကို ဂိုးပြတ်ရှုံးထားတာကြောင့် နိုင်ပွဲအတွက် ရုန်းကန်လိမ့်မယ်။ ဆိုစီဒက်နဲ့ ဂိုးအနည်းပါပဲ။

♦ ဆီဗီလာ - လက်စ်ပါမားစ် (မြန်မာစံတော်ချိန် မေလ ၁၄ ရက် နံနက် ၂:၀၀ နာရီ)

(၂)သင်းစလုံး အန္တရာယ်နဲ့ဝေးရာရောက်ဖို့ ကြိုးစားနေကြတဲ့ အချိန်ဖြစ်တယ်။ နည်းပြပြောင်းထားပေမဲ့ ဆီဗီလာရဲ့နိုင်ပွဲပျောက်ဆုံးနေမှုရယ်၊ လက်စ်ပါမားစ်ရဲ့ အတက်အကျများမှုတွေရယ်ကြောင့် သရေကျသွားနိုင်တဲ့ပွဲမျိုးပါ။ ဂိုးနည်းနိုင်တယ်။

မူရင်းသတင်း — Eleven Media Group