
♦ အေစီမီလန် နှင့် ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် မေလ ၁၅ ရက် နံနက် ၁:၃၀ နာရီ)
ပြီးခဲ့တဲ့စီးရီးအေပွဲမှာ ဒီနှစ်သင်းတွေ့ဆုံထားခဲ့ပြီး အေစီမီလန်အသင်းက (၃-၁)ဂိုးနဲ့ အနိုင်ယူခဲ့ပေမဲ့ ဦးဆောင်ဂိုးပေးခဲ့ရကာ နောက်ကျဂိုးတွေနဲ့ အနိုင်ရခဲ့တာဖြစ်တယ်။ ဘိုလော့ဂ်နာအသင်းက မော့တာ ထွက်သွားချိန် အီတာလီယာနိုလက်ထဲမှာ ပုံမပျက်သွားတဲ့အပြင် ပိုပြီးကျစ်လျစ်လာတယ်။ အေစီမီလန်ကို ရှုံးလိုက်လို့ တစ်ဖက်မှာ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်နည်းသွားခဲ့တဲ့ ဘိုလော့ဂ်နာအသင်း ကိုပါအီတာလီယာချန်ပီယံဖြစ်ဖို့ ဖောင်ဖျက်ကစားလာနိုင်တယ်။ အေစီမီလန်အသင်းကတော့ နည်းပြ ကွန်ဆေးဆိုလက်ထက်မှာ ရလဒ်သိပ်မကောင်းပေမဲ့ နှစ်စပိုင်းက စူပါဖလား ရယူထားပြီး နောက်ထပ်ဖလားတစ်လုံးနဲ့ လက်တစ်ကမ်းအကွာမှာ ရှိနေတယ်။ နှစ်သင်းစလုံး ပြီးခဲ့တဲ့ စီးရီးအေပွဲ ကစားသမားအများစုနဲ့ ပွဲထွက်လာဖို့ရှိပြီး သမ္ဘာအရတော့ အေစီမီလန်ပဲ ဗိုလ်စွဲဖို့များပါတယ်။
♦ အလာဗတ်စ် နှင့် ဗလင်စီယာ (မြန်မာစံတော်ချိန် မေလ ၁၄ ရက် ည ၁၁:၃၀ နာရီ)
ဗလင်စီယာက ခြေစွမ်းပြန်ပြနေတယ်ဆိုပေမဲ့ အလာဗတ်စ်ရဲ့ အိမ်ကွင်းရုန်းအားကလည်း စိတ်ဝင်စားစရာကောင်းတယ်။ အလာဗတ်စ်က အမှတ်ပိုလိုနေတဲ့ အသင်းဖြစ်လို့ အိမ်ရှင်နဲ့ ဂိုးအနည်းကိုပဲ ရွေးထားမယ်။
♦ ဗီလာရီးယဲလ် နှင့် လီဟာနက်စ် (မြန်မာစံတော်ချိန် မေလ ၁၄ ရက် ည ၁၁:၃၀ နာရီ)
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဘက်တစ်နဲ့အပြိုင်ဖြစ်နေလို့ ဗီလာရီးယဲလ်အသင်း အမှတ်ရရေးဦးစားပေးနေရသေးတယ်။ ဒီပွဲပြီးရင် ဘာစီလိုနာနဲ့ သွင်းရင်ဆိုင်ရဖို့ရှိလို့ အခုပွဲက အမှတ်မရရအောင် အရင်ယူထားရမယ့်ပွဲဖြစ်နေတယ်။ လီဟာနက်ဇ်ကလည်း တန်းမဆင်းရရေး ရုန်းကန်နေပေမဲ့ အဝေးကွင်းကစားပုံက အားရစရာသိပ်မရှိပါဘူး။ ဗီလာရီးယဲလ်နဲ့ ဂိုးအများပဲဖြစ်လိမ့်မယ်။
♦ ရီးယဲလ်မက်ဒရစ် နှင့် မာယော့ကာ (မြန်မာစံတော်ချိန် မေလ ၁၅ ရက် နံနက် ၂:၀၀ နာရီ)
ရီးယဲလ်မက်ဒရစ်ကတော့ ပေါ့ပေါ့ပါးပါးကစားနေတာမျိုးတွေ့ရတယ်။ မာယော့ကာအသင်းကလည်း အဝေးကွင်းပွဲတွေဆိုရင် သိပ်စွံလှတဲ့ အသင်းမဟုတ်ပေမဲ့ ခံစစ်ပိုင်းကို ပိုအားပြုကစားတတ်လေ့ရှိလို့ ရီးယဲလ်မက်ဒရစ်အသင်း ဂိုးတွေရဖို့ကိုတော့ အတော်လေးအားထည့်ရမယ့် ပုံစံမျိုးဖြစ်သွားနိုင်တယ်။ မာယော့ကာ ဥရောပဝင်ခွင့်အတွက်မျှော်လင့်နိုင်သေးတာကလည်း ရီးယဲလ်နဲ့ပွဲမှာ အမှတ်ရအောင် အတတ်နိုင်ဆုံး ထိန်းကစားမယ့်ပုံမျိုးဖြစ်နေတယ်။ ဒါပေမဲ့ မာယော့ကာတိုက်စစ်က အဝေးကွင်းပွဲတွေဆိုရင် ဂိုးရဖို့ခက်တတ်ပါတယ်။ ဒါ့အပြင် ရီးယဲလ်မက်ဒရစ်နဲ့တွေ့ဆုံတဲ့ အဝေးကွင်းပွဲစဉ်တွေမှာ မာယော့ကာအသင်းအနေနဲ့ အစဉ်အလာအရ မယှဉ်နိုင်တာကိုလည်း တွေ့ရတယ်။ ဒါကြောင့်လည်း ရီးယဲလ်မက်ဒရစ်ကွင်းမှာ မာယော့ကာအသင်းအမှတ် ရဖို့ဆိုတာ မဖြစ်နိုင်လောက်ပါဘူး။ ရီးယဲလ်မက်ဒရစ်နဲ့ ဂိုးအနည်းကို ကြိုက်တယ်။