Eleven Media Group

■ ဒီလပ်ကို ခေါ်ယူနိုင်မည်ဟု ချယ်လ်ဆီး ယုံကြည်

Photo: Gettyimages

ချယ်လ်ဆီးအသင်းသည် အစ်ဝစ်ချ်လူငယ်တိုက်စစ်မှူး ဒီလပ်အား ခေါ်ယူနိုင်မည်ဟု ယုံကြည်လျက်ရှိနေကြောင်း သိရသည်။

ဒီလပ်(၂၂ နှစ်)သည် ယခုရာသီကုန်တွင် တန်းဆင်းရမည့် အစ်ဝစ်ချ်အတွက် ခြေစွမ်းပြခဲ့ပြီး ပရီးမီးယားလိဂ်(၃၅)ပွဲတွင် (၁၂)ဂိုး သွင်းယူခဲ့သည်။

၎င်းအား ခေါ်ယူရန် မန်ယူ၊ ချယ်လ်ဆီးအပါအဝင် ပရီးမီးယားလိဂ်ထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြောင်း သိရသည်။

ဒီလပ်သည် မန်စီးတီးအကယ်ဒမီတွင် လက်ရှိချယ်လ်ဆီးနည်းပြ မာရက်စကာနှင့်လက်တွဲဖူးသူဖြစ်သည်။

၎င်း၏စာချုပ်လျော်ကြေးမှာ ပေါင်သန်း (၃၀)သာရှိပြီး ချယ်လ်ဆီးက ခေါ်ယူနိုင်မည်ဟု ယုံကြည်နေခြင်းဖြစ်သည်။

ဒီလပ်သည် မန်စီးတီးအသင်းတွင် ပြိုင်ပွဲစုံ ခြောက်ပွဲသာ ကစားရကာ တစ်ဂိုး သွင်းယူခဲ့ပြီး စတုတ်စီးတီး၊ ပရက်စတန်၊ ဟားလ်စီးတီးအသင်းများတွင် အငှားထွက်ကစားခဲ့ဖူးသည်။

မူရင်းသတင်း — Eleven Media Group