
အိုဆာဆူနာ နှင့် အက်သလက်တီကို (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၃၀ နာရီ)
အိုဆာဆူနာက ဥရောပဝင်ခွင့်မျှော်လင့်ချက်ရှိနေလို့ အိမ်ကွင်းပွဲတွေကို ပိုအားထည့်ကန်နေတယ်။ ခုနောက်ပိုင်း အိမ်ကွင်းဆို နိုင်ပွဲတွေရနေပြီး သူတို့ရဲ့ တိုက်စစ်ကစားပုံကလည်း အားရစရာကောင်းပါတယ်။ အက်သလက်တီကိုကတော့ ဖိအားမရှိလို့ အဝေးကွင်းပွဲတွေဆိုရင် အားစိုက်မှု လျော့နေတာကို သတိပြုရမယ်။ တိုက်စစ်ကလည်း အဝေးကွင်းမှာ ဂိုးရဖို့ရုန်းကန်နေရတယ်။ အိမ်ကွင်းမှာ အမှတ်ရှာမယ့် အိုဆာဆူနာအသင်း အနည်းဆုံးသရေရမှာပါ။ (၂) သင်းပေါင်းသွင်းဂိုးနည်းမယ်။
ဗယ်လက်ကာနို နှင့် ဘက်တစ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၃၀ နာရီ)
ဘက်တစ်က ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ရှိလို့ လာလီဂါဘက်ကိုလည်း အာရုံစိုက်နေတယ်။ ဒါပေမဲ့ အဝေးကွင်းအားနည်းပြီး ပွဲဆက်များတာတွေက ဘက်တစ်အတွက်ခက်ခဲနိုင်တယ်။ ဗယ်လက်ကာနိုက နောက်ဆုံး(၂)ပွဲဆက် အနိုင်ရခဲ့ပြီး ဥရောပဝင်ခွင့်မျှော်လင့်ချက်ရှိနေလို့ ဒီပွဲကို အားစိုက်ကစားမှာ သေချာပါတယ်။ သရေကျဖို့များပြီး (၂)သင်းပေါင်းသွင်းဂိုး အနည်းကို ကြိုက်တယ်။
အက်စ်ပန်ညို နှင့် ဘာစီလိုနာ (မြန်မာစံတော်ချိန် သောကြာနံနက် ၂းဝ၀ နာရီ)
ဘာစီလိုနာရဲ့ ပန်းအဝင်လမ်းက ကြမ်းတမ်းတုန်းပဲ။ ကက်တလန်ပြိုင်ဘက်တွေဖြစ်တာကြောင့် အက်စ်ပန်ညိုကလည်း ဘာစီလိုနာကို အိမ်ကွင်းမှာ ဒုက္ခပေးနိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ ဘာစီလိုနာကလည်း အဓိက ကစားသမားအစုံအလင်နဲ့ ကစားနိုင်ဖို့မရှိသေးဘူး။ အထူးသဖြင့် ခံစစ်ပိုင်းက ဒဏ်ရာရကစားသမားတွေများနေပြီး အားနည်းနေနိုင်တယ်။ အက်စ်ပန်ညိုက အိမ်ကွင်းကစားပုံမာကျောတယ်။ ခံစစ်စွမ်းဆောင်ရည်ကောင်းတယ်။ ဘာစီလိုနာအသင်း ကပ်နိုင်ဖို့ပဲများပါတယ်။ ဂိုးနည်းနိုင်တယ်။
ဂီတာဖေး နှင့် ဘီလ်ဘာအို (မြန်မာစံတော်ချိန် သောကြာနံနက် ၂းဝ၀ နာရီ)
ဘီလ်ဘာအိုကတော့ လာလီဂါဘက်ကို အပြည့်အဝအာရုံစိုက်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်သေချာအောင်ပဲ ကြိုးစားရတော့မယ်။ ဒါပေမဲ့ ဘီလ်ဘာအိုရဲ့ အဝေးကွင်းကစားအားက မာကျောလို့ အိမ်ရှင် ကျော်ဖြတ်နိုင်ဖို့ ခက်နေဦးမယ်ထင်ပါတယ်။ ဒါ့အပြင် နောက်ဆုံး (၅)ပွဲဆက် နိုင်ပွဲပျောက်ထားတာကြောင့် ဂီတာဖေးအသင်းအနေနဲ့ အိမ်ကွင်းမှာ အမှတ်ပြန်ရဖို့ ကြိုးစားမှာပါ။ ဂီတာဖေးနဲ့ ဂိုးအနည်းကို ကြိုက်တယ်။