
မန်ယူအသင်းသည် အသင်းကြယ်ပွင့်ဟောင်း စီရော်နယ်လ်ဒို၏ သားဖြစ်သူ စီရော်နယ်လ်ဒိုဂျူနီယာအားခေါ်ယူရန် စောင့်ကြည့်နေကြောင်း သိရသည်။
စီရော်နယ်လ်ဒိုဂျူနီယာ (၁၄ နှစ်)သည် ယခုအပတ်တွင် ကစားခဲ့သည့် ပေါ်တူဂီယူ-၁၅ (၄-၀) ဂျပန် ယူ-၁၅ ပွဲ၌ လူစားဝင်ကစားသမားအဖြစ် ကစားခဲ့ကြောင်း သိရှိရသည်။
မန်ယူအသင်းသည် အဆိုပါပွဲစဉ်အတွက် ကင်းထောက်များ စေလွှတ်ကာ စီရော်နယ်လ်ဒိုဂျူနီယာအား စောင့်ကြည့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စီရော်နယ်လ်ဒိုဂျူနီယာအား ခေါ်ယူရန် မန်ယူအပြင် စပါးနှင့် ဘွန်ဒစ်လီဂါအသင်းများကလည်း စောင့်ကြည့်နေကြောင်း သိရသည်။
ပေါ်တူဂီ ယူ-၁၅ အသင်းနှင့် ပွဲဦးထွက်ခဲ့သည့် သားအကြီးဆုံးဖြစ်သူ ခရစ္စတီယာနိုရော်နယ်လ်ဒိုဂျူနီယာအတွက် အလွန်ဂုဏ်ယူမိကြောင်း ဖခင်ဖြစ်သူ စီရော်နယ်လ်ဒိုက ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုသည် သူ၏ Instagram တွင် သားဖြစ်သူ ပေါ်တူဂီအသင်းအတွက် ပွဲထွက်ကစားမှုအပေါ် ''ပေါ်တူဂီအသင်းနဲ့ မင်းရဲ့ပွဲဦးထွက်အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်။ မင်းအတွက် အရမ်းဂုဏ်ယူမိပါတယ်''ဟု ရေးသားခဲ့ခြင်းဖြစ်သည်။
aရာ်နယ်လ်ဒိုဂျူနီယာ(၁၄ နှစ်)အား အဘွားဖြစ်သူ ဒိုလော်ရက်စ်အာဗီရိုက ကွင်းထဲအထိ လာရောက်အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။