Myanmar Transparency News

ရေခဲသေတ္တာကွိုင် အပူလွန်ကဲရာမှ ဆိုင်ခန်းနှစ်ခန်းမီးလောင်မှု မှော်ဘီတွင် ယနေ့ဖြစ်ပွား

၁၃.၈.၂၀၂၅
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဖူးကြီးကျေးရွာအုပ်စု၊ ဖူးကြီးဘူတာပိုင်းရှိ ဆိုင်ခန်းနှစ်ခန်းတွင် ယနေ့ သြဂုတ်လ ၁၃ ရက်နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ ရေခဲသေတ္တာကွိုင်အပူလွန်ကဲရာမှ မီးတောက်ထွက်၍ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

ဖြစ်စဥ်မှာ အလျား ၁၅ ပေ၊ အနံ ပေ ၂၀ ရှိ သွပ်မိုး၊ ကျောက်ပြားကာ အထပ်သားခင်းဆိုင်ခန်းတစ်ခန်းတွင် မီးလောင်ခဲ့ခြင်းဖြစ်ပြီး မိနစ် ၄၀ နီးပါး လောင်ကျွမ်းခဲ့သော မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၃ စီး၊ ရေသယ်ယာဥ်၂ စီးအပါအဝင် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၁၇ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

“ရေခဲသေတ္တာကို ဖွင့်ထားရင်းကနေ ကွိုင်အပူလွန်ရာက မီးတောက်ထွက်ပြီး အောက်မှာရှိတဲ့ အထက်သားပြားကို မီးကူးပြီးလောင်တာ။ လူထိခိုက်သေဆုံးမှုတော့ မရှိပါဘူး”ဟု မီးငြှိမ်းသတ်ရာတွင် ပါဝင်သူတစ်ဦးကပြောသည်။

ဆိုင်ခန်းနှစ်ခန်းမီးလောင်မှုကြောင့် အသက် ၅၃နှစ်အရွယ် အမျိုးသမီးကြီးကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် မှော်ဘီမြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News