MyTech Myanmar

ပြင်သစ်နိုင်ငံမှာ သွေးအလှူပစ္စည်းတွေ သိမ်းဆည်းတဲ့ ရေခဲသေတ္တာစနစ်တွေ ဆိုက်ဘာတိုက်ခိုက်ခံရ

ပြင်သစ်သွေးအလှူဌာန (EFS) ရဲ့ သွေးအလှူပစ္စည်းတွေ ထိန်းသိမ်းထားတဲ့ ရေခဲသေတ္တာစနစ်တွေကို အဝေးကနေ အပူချိန်မြှင့်တင်ပြီး ဆိုက်ဘာတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ပုံမှန်အားဖြင့် ဒီရေခဲသေတ္တာတွေရဲ့ အပူချိန်ကို သွေးနမူနာတွေ မပျက်စီးအောင် ဒီဂရီ -၃၀ မှာ ထိန်းသိမ်းထားပေမယ့် ဟက်ကာတွေက အပူချိန် ဒီဂရီ ၁၁၀ အထိ ပြောင်းလဲသတ်မှတ်ခဲ့ကြပါတယ်။

 

တာဝန်ကျ နည်းပညာရှင်တစ်ဦးက ညဘက်မှာ အပူချိန်ပုံမှန်မဟုတ်ဘဲ မြင့်တက်လာတာကို အမှတ်မထင် တွေ့ရှိခဲ့တာကြောင့် ဝန်ထမ်းတွေအနေနဲ့ တိုက်ခိုက်မှုကို အချိန်မီ တားဆီးနိုင်ခဲ့ပါတယ်။ ဒီလို အစောပိုင်း ထောက်လှမ်းတွေ့ရှိခဲ့လို့ သွေးထောက်ပံ့ရေးပစ္စည်းတွေ ထိခိုက်ပျက်စီးမှု မရှိခဲ့သလို လူနာတွေရဲ့ ကျန်းမာရေးအပေါ်မှာလည်း သက်ရောက်မှု မရှိခဲ့ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

 

အခုဖြစ်စဉ်ဟာ ဥရောပနိုင်ငံတွေအပါအဝင် အခြားနေရာတွေမှာပါ ရေခဲသေတ္တာစနစ်တွေကို ပစ်မှတ်ထား လုပ်ဆောင်နေတဲ့ ကျယ်ပြန့်တဲ့ တိုက်ခိုက်မှု လှုပ်ရှားမှုတစ်ခုရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူတွေနဲ့ အာဏာပိုင်တွေကတော့ ဒါဟာ ရုရှား ဒါမှမဟုတ် အီရန်နိုင်ငံတို့နဲ့ ဆက်စပ်နေတဲ့ ဟက်ကာအဖွဲ့တွေရဲ့ လက်ချက်ဖြစ်နိုင်ခြေ ရှိမရှိကို အလေးထား စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြပါတယ်။

Ref : Nation Thailand

မူရင်းသတင်း — MyTech Myanmar