Myanmar Transparency News

ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် “လူငယ်နှင့် အနာဂတ်မြန်မာ-သိပ္ပံနှင့် နည်းပညာ”အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

၂၅. ၉. ၂၀၂၅
Written by Nyein Kyaw

ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ မနက်ပိုင်းတွင် မော်စကိုမြို့ရှိ Radission Collection ၌ ကျင်းပသည့် “လူငယ်နှင့် အနာဂတ်မြန်မာ-သိပ္ပံနှင့် နည်းပညာ”ခေါင်းစဥ်ဖြင့် ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို ရုရှားနိုင်ငံရှိ တက္ကသိုလ်များ၌ ပညာသင်ကြားနေကြသည့် Ph.D၊ DS.c သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် (World Atomic Week) သို့ တက်ရောက်ရန်အတွက် စက်တင်ဘာ ၂၄ ရက် (ယမန်နေ့)ကတည်းက ရုရှားနိုင်ငံ မော်စကိုမြို့သို့ရောက်ရှိနေခြင်းဖြစ်သည်။

မူရင်းသတင်း — Myanmar Transparency News