
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် AFC U 17 ASIAN CUP QUALIFIERS အုပ်စု (G) အုပ်စုပွဲစဉ် လေးပွဲ ယှဉ်ပြိုင်ကစားပြီးချိန်တွင် မြန်မာ ယူ ၁၇ အမျိုးသားအသင်းမှာ ရမှတ် ဆယ်မှတ်ဖြင့် အုပ်စုပထမနေရာရရှိခဲ့ကာ အာရှဖလား ခြေစစ်ပွဲအား အောင်မြင်ခဲ့သည်။
AFC U 17 ASIAN CUP QUALIFIERS အုပ်စု (G) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာ ယူ ၁၇ အသင်းနှင့် ဆီးရီးယား ယူ ၁၇ အသင်းတို ယှဉ်ပြိုင်ကစားခဲ့ပြီး တစ်ဖက်နှစ်ဂိုးဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ပြီး မြန်မာ ယူ ၁၇ အသင်းမှာ ခြေစစ်ပွဲအောင်မြင်ခဲ့သည်။
AFC U 17 ASIAN CUP QUALIFIERS အုပ်စု (G)တွင် အိမ်ရှင် မြန်မာ၊ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ အိုမန်နဲ့ နီပေါအသင်းတို ပါဝင်ခဲ့သည်။