Myanmar National Post

လင်းခေးမြို့၌ အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပ

 



လင်းခေး, အောက်တိုဘာလ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ပုန်းထွန်ကျေးရွာအုပ်စု၊ ပန်ကျိုင်းကျေးရွာရှိ အမှတ်(၉၉)ခြေလျင်တပ်ရင်း၌ ယမန်နေ့နံနက်ပိုင်းက အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲကို အဆိုပါတပ်ရင်းမုခ်ဦး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ကျင်းပရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး အောင်ကျော်သက် စစ်ဗျူဟာ(အခြေချ)(လင်းခေး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ထွန်းလတ် နယ်မြေခံတပ်နယ်တပ်ရင်းများမှမိသားစုဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ ရှေ့တန်းပြန်တပ်ရင်းရှိမိသားစုဝင်များ၊ အခြေခံပညာအထက်တန်းကျောင်း(လင်းခေး)မှ ဘင်ခရာတပ်ဖွဲ့နှင့် ကျောင်းသား/ကျောင်းသူများ၊ ရှမ်းရိုးရာကိန္နရီကိန္နရာအကအဖွဲ့များနှင့်အတူ အဆိုပါ ခြေလျင်တပ်ရင်းမှ ယာယီတပ်ရင်းမှူးဦးစီးအဖွဲ့ စုပေါင်းအင်အား(၇၀၀)ဦး ကျော်တို့သည် အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား အောင်သပြေပန်းများ၊ ပန်းကုံးများဖြင့် သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post