Eleven Media Group

ပြင်သစ်လီဂူး၊ စီးရီးအေနှင့် လာလီဂါ ပွဲကြိုသုံးသပ်ချက်

Photo: X

တူးလူး - လန်းစ် (ဇန်နဝါရီ ၃ ရက်နေ့ နံနက် ၂း၁၅ နာရီ)

လန်းစ်က အမှတ်ပေးဇယားထိပ်ဆုံးရောက်နေတဲ့အသင်းဖြစ်ပြီး (၇)ပွဲဆက်တိုက် အနိုင်ရထားပါတယ်။ တူးလူးကလည်း ပြိုင်ပွဲစုံ(၃)ပွဲဆက် အနိုင်ရထားတာကြောင့် လန်းစ်အသင်း သတိထားဖို့တော့ လိုပါလိမ့်မယ်။ လက်ရှိခြေစွမ်းအရတော့ လန်းစ်ပဲ နိုင်ပွဲဆက်ဖို့ များပါတယ်။

ကာဂလီယာရီ - အေစီမီလန် (ဇန်နဝါရီ ၃ ရက်နေ့ နံနက် ၂း၁၅ နာရီ)

အေစီမီလန်အသင်းက ကိုပါအီတာလီယာဖလားက ထွက်ခဲ့ရပြီဖြစ်သလို အီတလီစူပါဖလားမှာလည်း ဆီမီးဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့လို့ စီးရီးအေတစ်ခုတည်းကိုပဲ အာရုံစိုက်ရတော့မှာပါ။ ချန်ပီယံဆု တစ်ကျော့ပြန်ရယူနိုင်ရေးအတွက် အေစီမီလန်အသင်း ကြိုးပမ်းနေပြီး မြို့ခံပြိုင်ဘက် အင်တာမီလန်အသင်းနဲ့ တစ်မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေတယ်။ ဒါပေမဲ့ ဇယားထိပ်ဆုံးငါးသင်းရဲ့ ရမှတ်ကွာဟမှုက လေးမှတ်ပဲရှိလို့ တစ်ခုခု အမှားအယွင်းဖြစ်တာနဲ့ ရပ်တည်မှုအပြောင်းအလဲဖြစ်သွားနိုင်တယ်။ ကာဂလီယာရီအသင်းက စက်တင်ဘာလကုန်ပိုင်းကနေ နိုဝင်ဘာလကုန်အထိ စီးရီးအေကိုးပွဲဆက်တိုက် နိုင်ပွဲမရခဲ့ပေမဲ့ ဒီဇင်ဘာမှာတော့ လေးပွဲကစား၊ ခုနစ်မှတ်ရယူနိုင်ခဲ့တယ်။ ပြီးခဲ့တဲ့ရာသီက နှစ်ကျော့စလုံးသရေကျခဲ့ပေမဲ့ အေစီမီလန်က ဒီရာသီမှာ ပိုကောင်းလာလို့ ဂိုးမပြတ်ဘဲ အနိုင်ရဖို့ရှိတယ်။

ဗယ်လက်ကာနို - ဂီတာဖေး (ဇန်နဝါရီ ၃ ရက်နေ့ နံနက် ၂း၃၀ နာရီ)

နှစ်သင်းစလုံး လာလီဂါမှာ ရလဒေ်တွ ဆိုးရွားနေကြပြီး ဗယ်လက်ကာနိုက ကွန်းဖရန့်လိဂ်မှာ နိုင်ပွဲဆက်နေပေမဲ့ လာလီဂါမှာတော့ အောက်တိုဘာလကတည်းက နိုင်ပွဲပျောက်နေတာပါ။ ဂီတာဖေးကတော့ ပြိုင်ပွဲစုံ(၄)ပွဲဆက် ရှုံးနိမ့်ထားပါတယ်။ အိမ်ကွင်းမှာတော့ ဗယ်လက်ကာနိုအသင်းရဲ့ ကစားပုံက မာကျောတာကြောင့် အိမ်ရှင်ကိုပဲ ရွေးချင်ပါတယ်။

မူရင်းသတင်း — Eleven Media Group