Xinhua Myanmar

ရီးရဲလ်ဆိုစီဒက်မှ စပိန်တောင်ပံကစားသမား ဘာရန်နက်ဇီယာ တံကောက်ကြော ခွဲစိတ်မှုခံယူပြီးနောက် ကာလရှည် အနားယူရမည်

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် အက်သလက်တီကိုမက်ဒရစ်အသင်းနှင့် ရီးရဲလ်ဆိုစီဒက်အသင်းတို့ ၂၀၂၅ ခုနှစ် မေ ၁၀ ရက်က ယှဉ်ပြိုင်ကစားသည့် စပိန်လာလီဂါပွဲစဉ်အတွင်း အက်သလက်တီကိုမက်ဒရစ်အသင်းမှ ဂူလီယာနို ဆီမြွန်နီ (ယာ) နှင့် ရီးရဲလ်ဆိုစီဒက်အသင်းမှ ဘာရန်နက်ဇီယာတို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

စပိန်လက်ရွေးစင် တောင်ပံကစားသမား အန်ဒါဘာရန်နက်ဇီယာအနေဖြင့် မက်ဒရစ်မြို့၌ ယာဘက်တံကောက်ကြောဒဏ်ရာအတွက် ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်ဖြစ်ရာ ရီးရဲလ်ဆိုဆီဒက်အသင်းတွင် အသက် ၂၄ နှစ်အရွယ် အဆိုပါကစားသမားမှာ ကာလအတန်ကြာ ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရသည်။

လွန်ခဲ့သည့် သီတင်းပတ်ကုန်က ရာယိုဗယ်လက်ကာနိုအသင်းနှင့် ယှဉ်ပြိုင်ကစားစဉ် ဒဏ်ရာရရှိခဲ့သည့် ဘာရန်နက်ဇီယာသည် Hospital Universitario Vithas Madrid Aravaca ဆေးရုံတွင် ခွဲစိတ်ကုသမှု ခံယူခဲ့ကြောင်း ရီးရဲလ်ဆိုစီဒက်အသင်းက အတည်ပြုပြောကြားခဲ့သည်။ ယင်းခွဲစိတ်မှုကို ဖင်လန်နိုင်ငံသား အထူးကုဆရာဝန် Lasse Lempainen က လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

"ဒေါက်တာ Lasse Lempainen က ခွဲစိတ်ကုသမှု ပြုလုပ်စဉ် ဒဏ်ရာရဲ့ ရှုပ်ထွေးမှုကို ဆန်းစစ်ခဲ့ပြီး တံကောက်ကြောကြွက်သားစု စတင်ဖြစ်ပေါ်ရာနေရာကို ခန္ဓာဗေဒဆိုင်ရာ တည်ဆောက်ပုံအတိုင်း ပြန်လည်ပြုပြင်ပေးခြင်းဖြင့် ကုသပေးခဲ့ပါတယ်။ ခွဲစိတ်မှုဟာ နောက်ဆက်တွဲပြဿနာမရှိဘဲ အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်" ဟု ရီးရဲလ်ဆိုစီဒက်အသင်းက ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဘာရန်နက်ဇီယာအနေဖြင့် ပြန်လည်ကောင်းမွန်လာရန် အချိန်ကြာမြင့်မည့်အခြေအနေနှင့် ရင်ဆိုင်နေရသည့်အားလျော်စွာ ငါးလမှ ခြောက်လအထိ အနားယူရနိုင်ကြောင်း သတင်းများက ဖော်ပြထားသည်။ ပြန်လည်သက်သာလာရေးအတွက် အချိန်ကာလကို ကလပ်အသင်းဘက်မှ တရားဝင်အတည်ပြု ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ပြန်လည်နာလန်ထူရေးအစီအစဉ်များက စီစဉ်ထားသည့်အတိုင်း ဖြစ်ပေါ်လာပါက ရာသီနှောင်းပိုင်း ပွဲစဉ်များတွင် ပြန်လည်ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း သိရသည်။ (Xinhua)

..........................................

(English Version)

Real Sociedad's Spain winger Barrenetxea faces long time out after hamstring operation

MADRID, Nov. 14 (Xinhua) -- Real Sociedad will be without Spain international winger Ander Barrenetxea for an extended period after the 24-year-old underwent surgery on his right hamstring in Madrid.

Real Sociedad confirmed that Barrenetxea, who suffered the injury during last weekend's match against Rayo Vallecano, underwent surgery at the Hospital Universitario Vithas Madrid Aravaca. The operation was performed by Finnish specialist Lasse Lempainen.

"Dr. Lasse Lempainen, using open surgery, assessed the complexity of the injury and treated it by performing an anatomical reconstruction of the origin of the hamstring musculature. The procedure was carried out successfully, without any complications," Real Sociedad said on its website.

Barrenetxea now faces a lengthy recovery, with reports suggesting he could be sidelined for five to six months. If his rehabilitation goes according to plan, he could return for the closing stages of the season, although the club has not officially confirmed a timetable for his recovery. ■

Photo caption: Giuliano Simeone (R) of Atletico de Madrid vies with Ander Barrenetxea of Real Sociedad during the LaLiga football match between Atletico de Madrid and Real Sociedad in Madrid, Spain, on May 10, 2025. (Photo by Gustavo Valiente/Xinhua)

မူရင်းသတင်း — Xinhua Myanmar