
တိုရွန်တို၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)
ကနေဒါအသင်းခေါင်းဆောင် အယ်လ်ဖွန်ဆိုဒေးဗီးစ်သည် ဂွါတီမာလာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ကွန်ကာကက်ဖ်ဇုန်နေးရှင်းလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို ဒဏ်ရာပြဿနာကြောင့် လွဲချော်ဖွယ်ရှိနေသည်။
နိုဝင်ဘာ ၁၃ ရက်က ဂွါတီမာလာစီးတီးတွင်ကစားခဲ့သည့် ကနေဒါအသင်းက ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပထမအကျော့ပွဲစဥ်၏ပွဲချိန် ၆ မိနစ်တွင် အဆိုပါ အသက် ၂၆ နှစ်အရွယ်ရှိ ဘိုင်ယန်မြူးနစ်အစွန်ခံစစ်မှူးသည် အနေအထားမမှန်ဘဲ ပြုတ်ကျခဲ့ပြီးနောက် လူစားလဲခြင်း ခံခဲ့ရသည်။
"လာမယ့်ရက်ပိုင်းအတွင်း ဒေးဗီးစ်ကိုဆေးစစ်မှုတွေ ပြုလုပ်သွားမှာပါ။ အဲဒီလိုစစ်ဆေးပြီးရင်တော့ အသေးစိတ်အခြေအနေကို ပိုမိုသိရှိရမှာပါ"ဟု ကနေဒါအသင်းလက်ထောက်နည်းပြ မော်ရိုဘီယယ်လိုက နိုဝင်ဘာ ၁၆ ရက်တွင် တိုရွန်တိုမြို့၌ ကစားရမည့် ဒုတိယအကျော့ပွဲစဉ်မတိုင်မီ သတင်းထောက်များအား ပြောကြားခဲ့သည်။
ဒေးဗီးစ်မှာ ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းအတွက် ၁၅ ပွဲ ကစားထားပြီး ၃ ဂိုး သွင်းယူနိုင်ခဲ့ကာ ၅ ဂိုး ဖန်တီးပေးထားသည်။
ဒေးဗီးစ်မှာ မကြာသေးမီနှစ်များအတွင်းကလည်း ကာယပိုင်းဆိုင်ရာ ဒဏ်ရာပြဿနာများ ဆက်တိုက်ကြုံတွေ့ခဲ့ကာ အဆိုပါဒဏ်ရာများအနက် ၂၀၂၅ ခုနှစ်အတွင်းက ရခဲ့သည့် ဒူးအရွတ်ကြော စုတ်ပြဲဒဏ်ရာနှင့် တံကောက်ကြောဒဏ်ရာတို့ကြောင့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတွင် တစ်ပွဲသာ ကစားနိုင်ခဲ့သည်။ (Xinhua)
.........................................
(English version)
Canada's Davies suffers fresh injury blow
TORONTO, Nov. 14 (Xinhua) Canada captain Alphonso Davies could miss the second leg of his team's CONCACAF Nations League quarterfinal against Guatemala due to injury.
The 26-year-old Bayern Munich full-back was forced off after falling awkwardly in the sixth minute of Canada's 3-2 first-leg victory in Guatemala City on Friday.
"He will be examined in the next few days, and then we will know more," Canada assistant coach Mauro Biello told reporters ahead of the return fixture in Toronto on Monday.
Davies has made 15 appearances for Bayern Munich this season, scoring three goals and providing five assists.
The defender has suffered a series of physical problems in recent years, including a torn anterior cruciate ligament in 2025 and a hamstring injury that limited him to just one appearance at this year's FIFA World Cup. ■
Photo caption: Alphonso Davies (L) of Bayern Munich heads the ball during the German Bundesliga match between Bayern Munich and Union Berlin in Munich, Germany, Feb. 26, 2023. (Photo by Philippe Ruiz/Xinhua)