Myanmar Transparency News

ပညာရေးစုံညီပွဲတော် တက်ရောက်နေသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို PDF လေးဦးက စုံညီပွဲတော်အလယ်တွင် ပစ်သတ်

နေမိုး
၅. ၁. ၂၀၂၆

ကျောင်းသားလူငယ်များ၏ ပညာရေးစုံညီပွဲတော် တက်ရောက်နေသည့် အောင်လံမြို့နယ်၊ မိုးကောင်းအုပ်စုအုပ်ချုပ်ရေးမှူးကို NUG ဩဇာခံ PDF လေးဦးက ကျောင်းသားကလေးငယ်များ ရှေ့မှောက်၌ပင် ပစ်သတ်လိုက်ကြသည်ဟု သိရသည်။

ဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃ ရက် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်း (ခ)မင်းမင်း(၅၃)နှစ်သည် မိုးကောင်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲရှိ ပညာရေးစုံညီ ပွဲတော်၌ ရှိနေစဉ် PDF လေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးယဉ်မင်းထွန်း(ခ)မင်းမင်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ 

နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုနှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုအထဲတွင် ပြည်ခိုင်ဖြိုးပါတီဝင် ၁၀၀၀ အထက် သေဆုံးဒဏ်ရာရမှု ဖြစ်ပွားထားသည်။

မူရင်းသတင်း — Myanmar Transparency News