နေပြည်တော် နိုဝင်ဘာ ၁၁
အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ဥရောပအာရှစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင် မေခရို (အကြီးစား) စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာ ဒါနီရာ အီမာနာလီယက် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် အမျိုးသား စီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားဆက်သွယ်မှုများ တိုးမြှင့် ဆောင်ရွက်သွားရေး၊ နှစ်ဖက်စီးပွားရေး အသိုက်အဝန်းများအကြား ချိတ်ဆက်ဆောင်ရွက်မှုများ ပိုမို အားကောင်းလာစေရေး၊ အာဆီယံမူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးတွဲ လုပ်ငန်းအဖွဲ့ အစည်းအဝေးများမှတစ်ဆင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက်စေရေးတို့အပါအဝင် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံရုံး ယာယီတာဝန်ခံနှင့် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဥရောပအာရှစီးပွားရေးကော်မရှင်နှင့် ဥရောပအာရှ စီးပွားရေးသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ညနေပိုင်းတွင် ဧည့်သည်တော်ဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့အား အမျိုးသားစီမံကိန်း၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက Park Royal ဟိုတယ်၌ ညစာစားပွဲဖြင့် ကြိုဆိုတည်ခင်းဧည့်ခံပြီး ညစာစားပွဲသို့ ဥရောပအာရှစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင် မေခရို (အကြီးစား) စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာ ဒါနီရာ အီမာနာလီယက် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ် သံရုံးယာယီတာဝန်ခံ၊ ရုရှားသံရုံးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
သတင်းစဉ်