၁၂.၁၁.၂၀၂၆
Written by Linn Eain
ရန်ကုန်တိုင်းဒေသကြီး စီးတီးတက္ကစီအသင်း (YCTA)သို့ ဝင်ရောက်မှတ်ပုံတင်ခြင်းနှင့် CNG စတစ်ကာများကပ်ခြင်း ဆောင်ရွက်မှုမရှိသည့် CNG တက္ကစီယာဉ်များကို ၂၀၂၇ ဇန်နဝါရီ ၁ ရက်က စတင်၍ CNG ဝယ်ယူခွင့် ယာယီပိတ်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)က အသိပေးထုတ်ပြန်ထားသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ CNG Taxi ယာဉ်များအနေဖြင့် Yangon City Taxi Association (YCTA) သို့ အသင်းဝင်ရောက်မှတ်ပုံတင်ခြင်းနှင့် CNG Sticker များကပ်ခြင်းကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့နောက်ဆုံးထားဆောင်ရွက်ကြရန် အသိပေးထားကြောင်း သိရသည်။
အဆိုပါ သတ်မှတ်ရက်အတွင်း ပြီးစီးအောင် ဆောင်ရွက်မှုမရှိသည့်ယာဉ်များကို ၂၀၂၇ ခု နှစ် ဇန်နဝါရီ ၁ ရက်ကစတင်၍ CNG ဝယ်ယူခွင့် ယာယီပိတ်သိမ်းသွားမည်ဖြစ်ပြီး ဆောင်ရွက်ပြီးစီးမှသာ CNG ဝယ်ယူခွင့် ပြန်လည်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။