Myanmar Digital News

ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ဥရောပအာရှစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင် မေခရို (အကြီးစား) စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာ ဒါနီရာ အီမာနာလီယက်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၁၁

 

စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့ ညနေပိုင်းတွင် ဥရောပအာရှ စီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင် မေခရို(အကြီးစား) စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာ ဒါနီရာ အီမာနာလီယက် နှင့်အဖွဲ့အား စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဥရောပအာရှစီးပွားရေး သမဂ္ဂအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ရုရှား၊ ဘယ်လာရုစ်၊ ကာဂျစ် စတန်၊ ကာဇက်စတန်နှင့် အာမေး နီးယားနိုင်ငံတို့နှင့် မြန်မာနိုင်ငံအကြား ပေါ်ဆန်းဆန်နှင့် ပဲ၊ နှမ်းတို့ အပါအဝင် လယ်ယာထွက် ကုန်ပစ္စည်းများ၊ CMP ပစ္စည်းများ၊ ရေထွက်ပစ္စည်းများကို တိုးမြှင့် တင်ပို့နိုင်ရေး၊ ထားဝယ် အထူး စီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုများ လာရောက်ဆောင်ရွက်နိုင်ရေး၊ အခွန်ကောက်ခံမှုဆိုင်ရာ ကိစ္စရပ်များတွင် ဒီဂျစ်တယ် အသွင်ကူးပြောင်းရေး၊ ဥရောပ အာရှ စီးပွားရေးကော်မရှင်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အာဆီယံ ဒီဂျစ်တယ်စီးပွားရေး မူဘောင် သဘောတူညီချက် (ASEAN Digital Framework Agreement-DIFA) တွင် ပါဝင်ဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News