
ဘိုလော့ဂ်နာ - အတ္တလန်တာ (ဒီဇင်ဘာ ၇ ရက်နေ့ ည ၁၂းဝ၀ နာရီ)
အမှတ်ပေးဇယားမှာ တစ်မှတ်အကွာနဲ့ အထက်အောက်ရပ်တည်နေကြတဲ့ အသင်းနှစ်သင်းရဲ့ ဆုံတွေ့မှုဖြစ်ပြီး လတ်တလောရလဒ်ပိုင်းမှာတော့ အတ္တလန်တာအသင်းက ပိုကောင်းနေပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုမှာတော့ အခုနောက်ပိုင်း ဘိုလော့ဂ်နာက ပိုအသာစီးရနေပြီး အိမ်ကွင်းလည်း ဖြစ်တာကြောင့် အမှတ်ခွဲယူရမယ့်ပွဲလို့ ထင်ပါတယ်။
နာပိုလီ - ဗီရိုနာ (ဒီဇင်ဘာ ၇ ရက်နေ့ ည ၁၂းဝ၀ နာရီ)
နာပိုလီက ချန်ပီယံဆုအတွက် ပြိုင်ဆိုင်နေတဲ့အသင်းဖြစ်ပြီး ဗီရိုနာက တန်းဆင်းဇုန်ကလွတ်ဖို့ ရုန်းကန်နေတဲ့အသင်းဖြစ်တာကြောင့် အခြေအနေချင်းကွာခြားပေမဲ့ အကြိတ်အနယ်ရှိမှာပါ။ (၂-၀)ရလဒ်တွေနဲ့ချည်း နောက်ဆုံး(၄)ပွဲဆက် အနိုင်ရထားတဲ့ နာပိုလီအသင်းကို (၀-၃)ရလဒ်တွေနဲ့ နှစ်ပွဲဆက်ရှုံးထားတဲ့ ဗီရိုနာအသင်း ခုခံနိုင်ဖို့တော့ မလွယ်ပါဘူး။ နာပိုလီအသင်း ဂိုးပြတ်နိုင်မှာ သေချာပါတယ်။
ပါးမား - အင်တာမီလန် (ဒီဇင်ဘာ ၈ ရက်နေ့ နံနက် ၂း၁၅ နာရီ)
ဒီရာသီစီးရီးအေပြိုင်ပွဲက ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်တဲ့အသင်းတွေ များပြားနေတာကြောင့် အင်တာမီလန်အသင်း ဇယားထိပ်ဆုံးမှာ ရှိနေပေမဲ့ တစ်ချက်မှားလိုက်တာနဲ့ နေရာဖယ်ပေးရမှာပါ။ ပါးမားက ဇယားအောက်ပိုင်းမှာရှိနေပေမဲ့ ခံစစ်ကစားပုံကောင်းတာကိုတော့ သတိပြုဖို့ လိုပါတယ်။ အင်တာမီလန်အသင်း ဂိုးနည်းနည်းနဲ့ပဲ အနိုင်ရမယ်ထင်ပါတယ်။
အခြားပွဲများ
*လာဇီယို - ဖီအိုရင်တီးနား
*တိုရီနို - အူဒီးနီးစ်