
ဒီနေ့ည ကျင်းပမယ့် ONE Friday Fights 139 မှာ မြန်မာဖိုက်တာ (၄)ဦးဖြစ်တဲ့ စိုးလင်းဦး၊ ကျော်စွာဝင်း၊ ဆလိုင်းထန်ခွီးရှိန်နဲ့ နေရိုင်းတို့ရဲ့ တွဲဆိုင်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။
မြန်မာဖိုက်တာတွေဟာ ၂၀၂၆ ခုနှစ် အတွင်းကျင်းပတဲ့ ONE ပြိုင်ပွဲတွေမှာ ပထမဆုံးထိုးသတ်ခွင့်ရခြင်းဖြစ်ပြီး စိုးလင်းဦးက ထိုင်းဖိုက်တာ ၀ိုရာပွန်၊ ဆလိုင်းထန်ခွီးရှိန်က ထိုင်းဖိုက်တာ ယော့ယူဒေါ့၊ ကျော်စွာဝင်းက ဂျပန်ဖိုက်တာ မူဂါ၊ နေရိုင်းက ထိုင်းဖိုက်တာ ခွန်ဆွတ်နဲ့ ထိုးသတ်ရမှာပါ။
စိုးလင်းဦးဟာ ဒီပြိုင်ပွဲရဲ့ ခေါင်ပွဲထိုးသတ်ရမှာဖြစ်ပြီး ကျော်စွာဝင်းနဲ့ နေရိုင်းအတွက်တော့ ONE နဲ့ ပွဲဦးထွက်ပွဲဖြစ်ပါတယ်။
စိုးလင်းဦးဟာ ONE နဲ့ ဆယ်လဝန်းကျင်အကြာမှ ပွဲပြန်လည်ထိုးသတ်ခွင့်ရရှိခြင်းဖြစ်ပြီး မြန်မာ့ရိုးရာလက်ဝှေ့ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုရရှိထားတဲ့ ကျော်စွာဝင်းရဲ့ ONE ပွဲဦးထွက်ကလည်း ရလဒ်ကောင်းရယူနိုင်ဖို့ လိုအပ်နေပါတယ်။
ONE Friday Fights 139 ကို မြန်မာစံတော်ချိန် ညနေ(၆းဝ၀)နာရီမှာ စတင်ကျင်းပမယ်လို့ သိရပါတယ်။