Eleven Media Group

ပြင်သစ်လီဂူး၊ ဘွန်ဒစ်လီဂါ၊ စီးရီးအေနှင့် လာလီဂါ ပွဲကြိုသုံးသပ်ချက်

Photo: X

အော်ဇေး - PSG (ဇန်နဝါရီ ၂၄ ရက်နေ့ နံနက် ၁း၃၀ နာရီ)

PSG က ပြင်သစ်လိဂ်မှာ နိုင်ပွဲဆက်နေပေမဲ့ ချန်ပီယံလိဂ်နဲ့ ပြင်သစ်ဖလားမှာ ရှုံးပွဲဆက်ခဲ့တာကြောင့် လိုအပ်ချက်တချို့ ရှိနေတယ်လို့ ဆိုရမှာပါ။ ပြင်သစ်လိဂ်မှာလည်း အခုထိ ထိပ်ဆုံးနေရာ ရယူနိုင်ခြင်းမရှိသေးပါဘူး။ အော်ဇေးကတော့ ပြိုင်ပွဲစုံ(၄)ပွဲဆက် ရှုံးနိမ့်ထားပြီး တန်းဆင်းဇုန်ထဲ ရောက်နေပါတယ်။ PSG အသင်း အနိုင်ရဖို့များပေမဲ့ အော်ဇေးကွင်းမှာ ဂိုးပြတ်နိုင်လေ့မရှိတဲ့အချက်ကိုတော့ မမေ့သင့်ပါဘူး။

အင်တာမီလန် - ပီဆာ (ဇန်နဝါရီ ၂၄ ရက်နေ့ နံနက် ၂း၁၅ နာရီ)

အင်တာမီလန်အသင်းက စီးရီးအေမှာ မီလန်ဒါဘီပွဲ ရှုံးနိမ့်ပြီးနောက်ပိုင်း ကိုးပွဲဆက် ရှုံးပွဲမရှိသေးဘူး။ ချန်ပီယံလိဂ်မှာတော့ သုံးပွဲဆက် ရှုံးနိမ့်ထားပြီး ဒီပွဲပြီးရင်လည်း ဒေါ့မွန်အသင်းနဲ့ အဝေးကွင်းသွားကစားရဦးမယ်။ တန်းတက်ပီဆာအသင်းကတော့ ပွဲစဉ် ၂၁ ပြီးတဲ့အထိ နိုင်ပွဲတစ်ပွဲပဲ ရထားသေးတယ်။ နိုဝင်ဘာကတည်းက အခုချိန်အထိ ၁၀ ပွဲဆက် နိုင်ပွဲမရှိသေးလို့ အင်တာမီလန်အတွက် အခက်အခဲမရှိနိုင်ပါဘူး။ အင်တာမီလန်အသင်း ဂိုးပြတ်အနိုင်ရမှာပါ။

အခြားပွဲများ

ဆန့်ပေါ်လီ - ဟမ်းဘတ်
* လီဗန်တေး - အယ်လ်ချီ

မူရင်းသတင်း — Eleven Media Group