
ချယ်လ်ဆီးအသင်းဟာ ဂျူဗင်တပ်စ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဒူးဂလပ်စ်လူးဝစ်ဇ်ကို အငှားနဲ့ ခေါ်ယူဖို့ စဉ်းစားနေကြောင်း သတင်းထွက်လာပါတယ်။
အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ ဒူးဂလပ်စ်လူးဝစ်ဇ်ဟာ လက်ရှိအချိန်မှာ နော်တင်ဟမ်ဖောရက်စ်အသင်းမှာ အငှားလာရောက်ကစားနေပေမဲ့ ဒဏ်ရာပြဿနာကြောင့် ပြိုင်ပွဲစုံ ၁၄ ပွဲသာ ကစားခွင့်ရထားပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းက ဒူးဂလပ်စ်လူးဝစ်ဇ်ကို အငှားနဲ့ ခေါ်ယူခဲ့ရာမှာ ရာသီကုန်မှာ အပြီးသတ်ခေါ်ယူမယ့် သဘောတူညီချက်လည်း ပါဝင်ခဲ့ပါတယ်။
ဒါပေမဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းအနေနဲ့ ဒူးဂလပ်စ်လူးဝစ်ဇ်ကို အပြီးသတ်ခေါ်ယူမယ်ဆိုရင် ဒီရာသီ ပရီးမီးယားလိဂ်မှာ ပွဲပေါင်း ၁၅ ပွဲကို အနည်းဆုံး ၄၅ မိနစ် ကစားခွင့်ပြုဖို့ လိုအပ်မှာဖြစ်ကြောင်း သိရပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းက လက်ရှိအချိန်မှာ ဒူးဂလပ်စ်လူးဝစ်ဇ်ကို အပြီးသတ်ခေါ်ယူလိုတဲ့ အလားအလာ မရှိတော့တဲ့အတွက် ချယ်လ်ဆီးနဲ့အတူ အေဂျက်စ်၊ ဗာစကိုဒဂါးမား စတဲ့အသင်းတွေက ခေါ်ယူဖို့ ချိန်ရွယ်လာကြခြင်း ဖြစ်ကြောင်း သိရပါတယ်။
ဂျူဗင်တပ်စ်အသင်းက ဒူးဂလပ်စ်လူးဝစ်ဇ်ကို ၂၀၂၄ နွေရာသီမှာ အက်စတွန်ဗီလာအသင်းဆီက ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ + Add-ons ကြေး ယူရိုု ၁.၅ သန်းနဲ့ ခေါ်ယူခဲ့ခြင်းဖြစ်ပေမဲ့ ခြေစွမ်းကို သဘောကျခြင်းမရှိတဲ့အတွက် နော်တင်ဟမ်ဖောရက်စ်အသင်းထံ ပြန်လည်အငှားချခဲ့ခြင်းဖြစ်ပြီး ယူရို ၂၈.၅ သန်းနဲ့ ရောင်းထုတ်ဖို့လည်း စီစဉ်ထားခြင်းဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းကတော့ ရာသီကုန်အထိ ကာလတိုအငှားနဲ့ ခေါ်ယူဖို့သာ ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရပါတယ်။