
အဲဗာတန် - လိဒ်စ် (ဇန်နဝါရီ ၂၇ ရက်နေ့ နံနက် ၂း၃၀ နာရီ)
လိဒ်စ်က ပရီးမီးယားလိဂ်မှာ အဝေးကွင်းတစ်ပွဲသာ အနိုင်ရထားတဲ့အသင်းဖြစ်ပေမဲ့ ရုန်းအားကတော့ ကောင်းပါတယ်။ အဲဗာတန်ကလည်း ပြိုင်ပွဲစုံအိမ်ကွင်း(၄)ပွဲဆက် နိုင်ပွဲပျောက်ထားပါတယ်။ ဒီနှစ်သင်းတွေ့ရင် အိမ်ရှင်အသင်း အသာစီးရတာများပေမဲ့ ဒီပွဲမှာတော့ အမှတ်ခွဲယူရလိမ့်မယ်လို့ ထင်ပါတယ်။
ဗီရိုနာ - အူဒီးနီးစ် (ဇန်နဝါရီ ၂၇ ရက်နေ့ နံနက် ၂း၁၅ နာရီ)
ဗီရိုနာက တန်းဆင်းဇုန်ထဲကအသင်းဖြစ်ပြီး အူဒီးနီးစ်ကတော့ အမှတ်မလိုတဲ့အသင်းလို့ ဆိုရမှာပါ။ လတ်တလောရလဒ်ပိုင်းကတော့ သိပ်ခြားနားမှုမရှိဘဲ ဗီရိုနာက အိမ်ကွင်း(၃)ပွဲဆက် ရှုံးထားပါတယ်။ ဒီပွဲလည်း သရေကျဖို့ များပါတယ်။
ဂျီရိုနာ - ဂီတာဖေး (ဇန်နဝါရီ ၂၇ ရက်နေ့ နံနက် ၂း၃၀ နာရီ)
ဂျီရိုနာက (၃)ပွဲဆက်အနိုင်ရထားသလို၊ နောက်ဆုံး(၅)ပွဲမှာ (၄)ပွဲအနိုင်ရခဲ့ပါတယ်။ ဂီတာဖေးကတော့ (၇)ပွဲဆက်နိုင်ပွဲပျောက်ထားပြီး (၆)ပွဲအထိ ရှုံးခဲ့ပါတယ်။ ပထမအကျော့ရှုံးကြွေးကို အိမ်ကွင်းမှာ ဂျီရိုနာအသင်း ပြန်ဆပ်ပါလိမ့်မယ်။