
ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းဟာ ဝက်စ်ဟမ်းအသင်းက ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်ကစားသမား ပါကေတာကို ပေါင်(၃၅)သန်းနဲ့ ထပ်မံကမ်းလှမ်းလိုက်ကြောင်း သိရပါတယ်။
ပါကေတာ (၂၈ နှစ်)ဟာ ဖလာမင်ဂိုအသင်းရဲ့ လူငယ်ကစားသမားဟောင်းတစ်ယောက်ဖြစ်ပြီး အေစီမီလန်နဲ့ လိုင်ယွန်အသင်းတွေကတစ်ဆင့် ဝက်စ်ဟမ်းအသင်းကို ရောက်ရှိခဲ့တာပါ။
ဝက်စ်ဟမ်းအသင်းက ၂၀၂၂ နွေရာသီမှာ ပါကေတာကို ပေါင်သန်း(၅၀)နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာကြောင့် စာချုပ်သက်တမ်း(၁၈)လ ကျန်ရှိနေပါတယ်။
ပါကေတာက အသင်းဟောင်း ဖလာမင်ဂိုအသင်းမှာ ပြန်ကစားချင်နေသလို၊ ဖလာမင်ဂိုအသင်းကလည်း ခေါ်ယူချင်တာကြောင့် စျေးတိုးမြှင့်ကမ်းလှမ်းခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ အလားအလာများနေကြောင်း သိရပါတယ်။
ပါကေတာဟာ ဝက်စ်ဟမ်းအသင်းအတွက် (၁၃၉)ပွဲကစားကာ (၂၃)ဂိုးသွင်းယူပေးခဲ့ပြီး ၂၀၂၂-၂၃ ရာသီမှာ ကွန်းဖရန့်လိဂ်ချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။