Myanmar Transparency News

မန္တလေး၊ အမရပူရမှာ ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ လူငယ်ပိုင်းအမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ

၃၀.၁.၂၀၂၆
Written by Thiri

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်မှာ မနေ့က ဇန်နဝါရီ ၂၉ ရက် နံက်ပိုင်းက ဦးခေါင်းရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်းတစ်လောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတချို့ထံကနေ သိရပါတယ်။

ဖြစ်စဥ်က အမရပူရမြို့နယ်၊ ရှမ်းလေးကျွန်းရွာကမ်းနားလမ်းမှာ ဦးခေါင်းကွဲတဲ့ဒဏ်ရာနဲ့ ကျောပြင်မှာ ရိုက်နှက်ခံရလို့ရရှိတဲ့ ညိုမည်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသားကို ဒေသခံတွေက မနက်အစောပိုင်းမှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခင်းဖြစ်နေရာဆီ  သတင်းအရ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေက လူသက်သေ‌တွေနဲ့အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ သေဆုံးသူမှာ အမည်နေရပ် မသိရဘဲ ခန့်မှန်းအသက် (၂၅) နှစ်ခန့်လို့ တွက်ဆကာ စုံစမ်းစစ်ဆေးမှုအပြီး ရုပ်အလောင်းကို ရဲဆေးစာနဲ့အတူ ချမ်းမြသုခလူမှုကူညီရေးအသင်းယာဥ်နဲ့ အမရပူရပြည်သူဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူ အမည်နေရပ် သိရှိနိုင်ရေးနဲ့ ဖြစ်စဥ်ကို စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News