လေးမျက်နှာ နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်၊ သုံးဆက်ကျေးရွာအုပ်စု၊ သခွါးကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနမှ ရေဘေးအန္တရာယ်ခံစားခဲ့ရသော အိမ်ထောင်စုများအား ငွေသားထောက်ပံ့မှုအစီအစဉ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစီအစဉ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သော ထောက်ပံ့ငွေများအား မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနမှ ဦးချမ်းမြေ့ထွန်း ဦးဆောင်သောအဖွဲ့မှ ရေဘေးအန္တရာယ်ခံစားခဲ့ရသော သုံးဆက်ကျေးရွာအုပ်စုအတွင်းရှိ သုံးဆက်ကျေးရွာမှ အိမ်ထောင်စု (၆၉)စု၊ သခွါးကုန်းကျေးရွာမှ အိမ်ထောင်စု (၄၄)စု၊ ဝဲဒေါင့်ကျေးရွာမှ အိမ်ထောင်စု (၈၉)စု စုစုပေါင်း အိမ်ထောင်စု (၂၀၂)စုတို့အား အိမ်ထောင်စု (၁)စုလျှင် ငွေကျပ် (၃၆၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းအိမ်ထောင်စု (၂၀၂)စုအတွက် ငွေကျပ် (၇၂၇၂၀၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနမှ လေးမျက်နှာမြို့ အမှတ်(၄)ရပ်ကွက်ရှိ နဝင်းဘုန်းကြီးကျောင်းတွင် ရေဘေးအန္တရာယ်ခံစားခဲ့ရသော သခွတ်ချောင်းကျေးရွာမှ အိမ်ထောင်စု (၇၂)စု၊ ကျွန်းတဲကျေးရွာမှ အိမ်ထောင်စု (၇၉)စု၊ ဂျမ်းကုန်းကျေးရွာမှ အိမ်ထောင်စု (၆၄)စု စုစုပေါင်း အိမ်ထောင်စု (၂၁၅)စုတို့အား အိမ်ထောင်စု (၁)စုလျှင် ငွေကျပ် (၃၆၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းအိမ်ထောင်စု (၂၁၅)စုအတွက် ငွေကျပ် (၇၇၄၀၀၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)