ရမည်းသင်း နိုဝင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် စာဖတ်ခြင်းမှ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ စာဖတ်သူလူငယ်များ အနာဂတ်အတွက် တောက်ပရမည် (Young Reader, Bright fucture Campaign) အစီအစဉ်ဖြင့် လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ငယ်စဉ်ကတည်းက စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် မိမိတို့၏ ကိုယ်ပိုင်အသိဉာဏ်များ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် Grade-7 ကျောင်းသူ မယွန်းဝတီမောင်က စာရေးဆရာ မောင်မောင်မြင့်သိန်း ရေးသားသည့် လက်တွေ့အသုံးကျ IELTS အက်ဆေးများ စာအုပ်ထဲတွင် ဖော်ပြထားသော ကလေးပျိုးထောင်ခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးဖတ်ကြားရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန် ဆွေးနွေးကြပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က ပြန်လည်ဖြည့်စွက် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဟိန်းပြည့်ဇော်(ရမည်းသင်း)