Myanmar Transparency News

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၂၅ လမ်းရှိ အထပ်မြင့်တိုက်ခန်းတွင် မီးလောင်မှုဖြစ်ပွား 

၃၀.၁.၂၀၂၆
Written by Linn Eain

မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ၁၂၅ လမ်းရှိ အထပ်မြင့်တိုက်ခန်းတစ်ခန်းတွင် ဇန်နဝါရီ ၃၀ ရက်၊ နေ့လယ် ၁ နာရီ ၅၂ မိနစ်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

သပြေကုန်းရပ်ကွက်၊ ၁၂၅ လမ်းရှိ တိုက်အမှတ် ၁၃ ၏ လေးလွှာရှိ နေအိမ်တိုက်ခန်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲခြင်းဖြစ်ပြီး မိနစ် ၂၀ ခန့်အကြာတွင် မီးငြိမ်းခဲ့ကြောင်း အခင်းဖြစ်နေရာသို့ မီးလာရောက်ငြှိမ်းသတ်သည့် မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် မီးလောင်မှုဖြစ်ပွားသည့် တိုက်ခန်းတွင် အတူနေလူကြီးများမရှိစဉ် ကလေးနှစ်ဦးသာ ကျန်ခဲ့ချိန်ဖြစ်ပွားခြင်းဖြစ်ပြီး အနီးနားနေထိုင်သူများ၏ ကူညီပေးမှုကြောင့် ကလေးများလည်း ဘေးကင်းခဲ့သလို မီးလောင်ကျွမ်းမှုလည်း အချိန်တိုအတွင်း ငြိမ်းသွားခဲ့ကြောင်း သပြေကုန်းရပ်ကွက်နေသူတစ်ဦးက ပြောသည်။

အဆိုပါမီးလောင်မှုသို့ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးနှင့် တာမွေမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး အခြားကူညီကယ်‌ဆယ်ရေးပရဟိတအဖွဲ့များလည်း လာရောက်အားဖြည့်ကူညီပေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News