Myanmar Transparency News

ထန်းတပင်တွင် ကျူးကျော်တဲကိုးလုံး မီးလောင်မှု အရက်အေးဂျင့်ဆိုင်မှ ရေခဲသေတ္တာအပူလွန်ကဲရာက စတင်လောင်ကျွမ်းသည်ဟု စစ်ဆေးတွေ့ရှိ

၃.၂.၂၀၂၆
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာ၊ အနော်ရထာလမ်းမတွင် ဖေ​ဖော်ဝါရီလ ၁ ရက် ည ၉ နာရီ ၄၂ မိနစ်ခန့်က ကျုးကျော်တဲကိုးလုံး မီးလောင်မှုမှာ အရက်အေးဂျင့်ဆိုင်မှ လုပ်ငန်းသုံးရေခဲသေတ္တာ အပူလွန်ကဲရာမှ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

“ကျုးကျော်တဲတွေမှာ ဆိုင်ဖွင့်ထားတဲ့ အရက်အေးဂျင့်က စလောင်တာ။ လုပ်ငန်းသုံးရေခဲသေတ္တာက အပူလွန်ရာက​​နေ ဝါယာကြိုးတွေမီးလောင်ပြီး အဲ့ဒီကနေ ပစ္စည်းထုပ်ပိုးထားတဲ့ စက္ကူတွေ၊ ကတ်ထူတွေ၊ ပလပ်စတစ်တွေနဲ့ အရက်တွေကနေ မီးလောင်မှုကြီးသွားတာပါ။ လူထိခိုက်မှုတော့မရှိပါဘူး”ဟု မီးငြှိမ်းသတ်သူတစ်ဦးက ပြောသည်။

မိနစ် ၄၀ နီးပါး လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် အလျား ၁၀ ပေ၊ အနံ ပေ ၃၀ ရှိ သွပ်မိုး၊ သွပ်ကာ၊ ဝါးခင်း ကျုးကျော်တဲကိုးလုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုနှင့်ပတ်သက်၍ အသက် ၄၆ နှစ်အရွယ် ဦးနေလင်းအောင်ကို ရာဇသ​တ်ကြီးပုဒ်မ ၂၈၅ ဖြင့် တက်သစ်နယ်​မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News