Myanmar Transparency News

အမျိုးသမီးကြီးတစ်ဦး ရေတွင်းထဲခုန်ချသေဆုံးမှု လှိုင်းဘွဲ့တွင် ဖြစ်ပွား

၆.၄.၂၀၂၆
Written by KL

အမျိုးသမီးကြီးတစ်ဦး ရေတွင်းထဲခုန်ချသေဆုံးမှု ဧပြီလ ၅ ရက် နံနက်အစောပိုင်းက ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၊ (ခ)ရပ်ကွက်၊ ပိုင်ကလောင်လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။

ရေတွင်းထဲခုန်ချသေဆုံးသူမှာ အသက် ၅၃ နှစ်အရွယ် ဒေါ်သီတာဝင်းဖြစ်ပြီး ဧပြီလ ၅ ရက် နံနက် ၂ နာရီ ၁၅ မိနစ်ခန့်က နေအိမ်မှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကာ ယင်းနေ့ညနေပိုင်းတွင် ရေတွင်းထဲ၌ သေဆုံးနေသည်ကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“အိမ်ကနေ မနက်၂ နာရီကျော်ကတည်းက ပျောက်သွားလို့ လိုက်ရှာတာ မတွေ့လို့ လူပျောက်နေကြောင်း လူမှုကွန်ရက်မှာ တင်လိုက်တယ်။ ညနေစောင်းမှာပဲ ရေတွင်းထဲမှာပဲ ပြန်တွေ့တာ။ ဘာကြောင့်ခုန်ချသွားလဲဆိုတာတော့ မသိရဘူး”ဟု ကယ်ဆယ်ရေးလုပ်ဆောင်ရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။

သေဆုံးသူကို လှိုင်းဘွဲ့မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် လှိုင်းဘွဲ့လူမှုကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ၁၅ မိနစ်ကြာ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ညနေ ၆ နာရီ ၁၆ မိနစ်တွင် ရုပ်အလောင်းကို ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News