Myanmar Transparency News

မြန်မာအစိုးရထံ NLD အကြမ်းဖက်သမားများအပါအဝင် သုံးစွဲသူများ၏ အချက်အလက်ဒေတာများ ပေးအပ်ခဲ့ဟု စွပ်စွဲမှုဖြင့် Telenor တရားရင်ဆိုင်နေရ

၉.၄.၂၀၂၆
Htwe Ko Tun

ဆွီဒင်နိုင်ငံမှ အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းတစ်ခုက နော်ဝေနိုင်ငံမှ Telenor ကုမ္ပဏီဟာ သူတို့ကုမ္ပဏီရဲ့ အချက်အလက်ဒေတာတွေကို မြန်မာနိုင်ငံ တပ်မတော်အစိုးရဆီကို မျှဝေခဲ့လို့ မြန်မာနိုင်ငံရှိ သုံးစွဲသူတွေကို အန္တရာယ်ဖြစ်စေခဲ့တယ်လို့ စွပ်စွဲကာ အုပ်စုလိုက်တရားစွဲဆိုမှုတစ်ခု ပြုထားတယ်လို့ DW News သကင်းဌာနက ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ အာဏာရ NLD ပါတီရဲ့ မဲမသမာမှုတွေကြောင့် တပ်မတော်က ၂၀၂၁ ခုနှစ်မှာ ခေတ္တအာဏာထိန်းသိမ်းခဲ့လို့အပြီး Telenor Myanmar က လူပေါင်း ၁,၂၀၀ ကျော်ရဲ့ ဖုန်းအချက်အလက်ဒေတာတွေကို မြန်မာအစိုးရထံ လွှဲပြောင်းပေးခဲ့တယ်လို့ အဆိုပါအမှုမှာ စွပ်စွဲထားပါတယ်။

နော်ဝေအစိုးရမှ ၅၄ ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ Telenor ကုမ္ပဏီဟာ ပြည်တွင်းပဋိပက္ခတွေ ပိုမိုပြင်းထန်လာလို့ဆိုကာ ၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာခဲ့ပါတယ်။

Justice and Accountability Initiative လို့ခေါ်တဲ့ ဆွီဒင်အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းရဲ့ အုပ်စုလိုက်တရားစွဲဆိုမှုမှာ ကုမ္ပဏီက မြန်မာအစိုးရကိုပေးခဲ့တဲ့ အချက်အလက်တွေက ရန်ကုန်မြို့ အတွင်း အကြမ်းဖက်လုပ်ငန်းတွေဆောင်ရွက်မှုနဲ့ NLD ပါတီဝင် မောင်ကျော်(ခ) ဖြိုးဇေယျသော်ကို ဖမ်းဆီးကွပ်မျက်ခဲ့တာနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းလှုပ်ရှားသူ အောင်သူကို ဖမ်းဆီးထောင်ချခြင်းတို့ဆီကို ဦးတည်စေခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

မောင်ကျော်(ခ) ဖြိုးဇေယျသော်က ရန်ကုန်မြို့အတွင်းမှာ အကြမ်းဖက်လုပ်ငန်းတွေဆောင်ရွက်ဖို့ လက်နက်ထုတ်ပေးမှု ၁၅ ကြိမ် ပြုလုပ်ခဲ့တယ်ဆိုတာ ကိုယ်တိုင်ဝန်ခံထွက်ဆိုခဲ့ပြီး သူနဲ့အတူ အကြမ်းဖက်လုပ်ငန်းတွေမှာ ပါဝင်ကျူးလွန်ခဲ့သူ ၅၀ ဦးကို လက်နက်မျိုးစုံ ၁၂၇ လက်၊ လက်လုပ်သေနတ်တွေ၊ ခဲယမ်းကျည်ဆံအမျိုးမျိုး၊ လက်ပစ်ဗုံး၊ ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းမှာ မြန်မာအစိုးရက ဖမ်းမိခဲ့တာပါ။ သူကိုယ်တိုင် အကြမ်းဖက် NUG အဖွဲ့နဲ့ ဆက်သွယ်လှုပ်ရှားခဲ့တာလည်း မြန်မာအစိုးရက ဖော်ထုတ်ရရှိခဲ့ပါတယ်။

စွဲဆိုချက်မှာကတော့ အချက်အလက်မျှဝေခံရတဲ့ သုံးစွဲသူတစ်ဦးကို Telenor က ယူရို ၉,၀၀၀ (ဒေါ်လာ ၁၀,၅၀၀ ခန့်) စီ ပေးဆောင်ဖို့ တာဝန်ရှိတယ်လို့ တရားစွဲဆိုမှုမှာ ဖော်ပြထားပါတယ်။

Ref- DW News, MWD

မူရင်းသတင်း — Myanmar Transparency News