
ဝက်စ်ဟမ်း - ဝုလ်ဗ် (ဧပြီ ၁၁ ရက် နံနက် ၁း၃၀ နာရီ)
တန်းဆင်းဇုန်အမှတ်လုပွဲဆိုပေမဲ့ အဆင့်(၂၀)နေရာက ဝုလ်ဗ်အတွက်တော့ မျှော်လင့်ချက်မရှိသလောက်ဖြစ်နေပြီ။ ဒါပေမဲ့ ဝုလ်ဗ်အသင်းက အခုနောက်ပိုင်းမှာ စိတ်ဓာတ်အပြည့်နဲ့ ယှဉ်ပြိုင်ကစားပြီး ရလဒ်တွေလည်း တက်လာပါတယ်။ ဝက်စ်ဟမ်းအသင်းက ပြိုင်ပွဲစုံနောက်ဆုံး(၃)ပွဲဆက်လည်း နိုင်ပွဲပျောက်ထားသလို ဝုလ်ဗ်နဲ့တွေ့တဲ့ (၃)ပွဲဆက်လည်း အရှုံးပေးထားရပါတယ်။ ဝက်စ်ဟမ်းအသင်း နိုင်လိုစိတ် ပိုပြင်းထန်နေနိုင်ပေမဲ့ အမှတ်ခွဲယူရနိုင်ပါတယ်။
ရီးယဲလ်မက်ဒရစ် - ဂျီရိုနာ (ဧပြီ ၁၁ ရက် နံနက် ၁း၃၀ နာရီ)
ရီးယဲလ်အသင်းအတွက်တော့ ဒီရာသီက ဖလားလက်မဲ့ရာသီအဖြစ် ဖြတ်သန်းရဖို့ တော်တော်လေး နီးစပ်နေပါပြီ။ လာလီဂါမှာ ပြီးခဲ့တဲ့တစ်ပတ်က ရှုံးပွဲကြုံတွေ့ခဲ့တာကြောင့် ဇယားထိပ်ဆုံးက ဘာစီလိုနာအသင်းနဲ့ ခုနစ်မှတ်ပြတ်သွားပါပြီ။ ချန်ပီယံလိဂ်မှာလည်း ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာပဲ ရှုံးနိမ့်ထားလို့ မြူးနစ်မြေမှာ ဖောင်ဖျက်ကစားရတော့မှာပါ။ ဂျီရိုနာကတော့ တန်းဆင်းဇုန်နဲ့ဝေးသလို ဥရောပဝင်ခွင့်အတွက်လည်း အမှတ်ပြတ်နေပြီး ဇယားအလယ်မှာ ရပ်တည်နေတဲ့ အသင်းပါ။ ဒါ့အပြင် အဝေးကွင်းနောက်ဆုံးငါးပွဲဆက်လည်း နိုင်ပွဲမရထားဘူး။ ချန်ပီယံလိဂ် ပွဲကျပ်ကစားရဖို့ရှိပေမဲ့ ယုံကြည်မှုတည်ဆောက်ဖို့ လိုအပ်နေတာကြောင့် ရီးယဲလ်အသင်း ဂိုးပြတ်နိုင်ပွဲရယူဖို့ရှိတယ်။
အခြားပွဲများ
* မာဆေးလ် - မက်ဇ်
အော့စ်ဘတ် - ဟော်ဖန်ဟင်မ် *
* ရိုးမား - ပီဆာ