Myanmar Transparency News

ရွှေပြည်သာတွင် နေအိမ်လေးလုံးမီးလောင်မှု လူစောင့်မရှိဘဲ ထင်းမီးဖိုဖြင့် ထမင်းအိုးတည်ရာမှ စတင်ဖြစ်ပွား

၁၁.၄.၂၀၂၆
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၁၉) ရပ်ကွက်၊ စံပယ်လမ်းနှင့် သရဖီလမ်းထောင့်ရှိ နေအိမ်တစ်လုံးတွင် လူစောင့်မရှိဘဲ ထင်းမီးဖြင့် ထမင်းအိုးတည်ရာမှ လူနေအိမ်လေးလုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

မီးလောင်မှုမှာ သွပ်မိုး၊ ကျောက်ပြားကာ၊ ပျဥ်ခင်း တစ်ထပ်နေအိမ်တွင် လူမရှိချိန်၌ စတင်ဖြစ်ပွားခဲ့ပြီး သွပ်မိုး၊ ကျောက်ပြားကာ၊ ပျဥ်ခင်း တစ်ထပ်နေအိမ် လေးလုံး မီးလောင်ဆုံးရှုံးခဲ့သည်။

၁၅ မိနစ်ခန့်ကြာမြင့်သော မီးလောင်မှု​ကို မီးငြှိမ်းသတ်ယာဥ် ၄ စီး၊ ရေသယ်ယာဥ် ၃ စီး၊ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၈၀ ခန့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၁၈ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အသက် ၅၃ နှစ်အရွယ် ဒေါ်သီတာကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် ရွှေပြည်သာမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားသည်။

မူရင်းသတင်း — Myanmar Transparency News