Myanmar Transparency News

အရက်ဘီယာ ၂၇၂ ဖာကို Southern YSO PDF အဖွဲ့က လုယက်သိမ်းယူပြီးမှ ပြည်သူ့ပစ္စည်းပါပါက ဆက်သွယ်ရန် ဟန်ဆောင်ကြေညာ

အရက်ဘီယာ ၂၇၂ ဖာကို Southern YSO PDF အဖွဲ့က လုယက်သိမ်းယူပြီးမှ ပြည်သူ့ပစ္စည်းပါပါက ဆက်သွယ်ရန် ဟန်ဆောင်ကြေညာလာသည်။

၂၀၂၆ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့တွင် ပခုက္ကူ – ရေစကြို ဆက်သွယ်ရေးလမ်းမပေါ်၌ အရက်ဘီယာများ တင်ဆောင်လာသော ကုန်တင်ယာဉ်တစ်စီးကို Southern YSO PDF အဖွဲ့က လုယက်သိမ်းယူခဲ့သည်။

ယာဉ်ပေါ်တွင် စုစုပေါင်း (၂၇၂) ဖာ ပါရှိပြီး၊ အဆိုပါ ယစ်မျိုးပစ္စည်းများမှာ အရာခံဗိုလ် (အငြိမ်းစား) ဦးကျော်လွင်၏ မျောစာနှင့်အတူ “ဧဒင်နန်း” အရက်ဆိုင်သို့ ပေးပို့ရန် ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်ဟု စွပ်စွဲထားသလို ဦးကျော်လွင်သည် ရေစကြိုမြို့နယ် ဖူလုံအနီးရှိ တပ်ရင်း (၂၅၆၊ ၂၅၇၊ ၂၅၈) များအနက် တပ်ရင်း (၂၅၇) မှ အရာခံဗိုလ် (အငြိမ်းစား) ဖြစ်ပြီး၊ စစ်တပ်နှင့် နီးစပ်သော ဆက်ဆံရေးများရှိကာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း၊ ထို့ပြင် “ဧဒင်နန်း” အရက်ဆိုင်မှာလည်း တပ်ဂိတ်နှင့် မီတာ ၁၅၀ အကွာတွင် နီးကပ်စွာ တည်ရှိနေသဖြင့် စစ်တပ်နှင့် ဆက်နွယ်မှု ထင်ရှားနေသဖြင့် အရက်ဘီယာ (၂၇၂) ဖာအား သိမ်းဆည်းခဲ့ပြီးတော်လှန်ရေးရန်ပုံငွေအဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ဖမ်းမိအရက်ဘီယာများမှာ စစ်တပ်နှင့် ဆက်နွှယ်သည်ဟု အကြောင်းပြချက်ပေးထားသော်လည်း ဖမ်းမိအရက်ဘီယာများမှာ Yoma ၊ Chang ၊ Grand Royal ၊ Tapoers စသည့် နိုင်ငံတကာနှင့် ပုဂ္ဂလိကလုပ်ငန်းများ၏ ဘီယာများသာဖြစ်နေသည်။ ထို့ပြင် စားသုံးသည့်ဆီပုံးများပါဝင်သည်ကို တွေ့ရသော်လည်း လုယက်ထားကြောင်း ဝန်ခံချက်တွင်မူ ဖော်ပြထားခြင်းမရှိပေ။

Southern YSO PDF အဖွဲ့သည် ပခုက္ကူ – ရေစကြိုကားလမ်းပေါ် ကျက်စားနေသော အဖွဲ့ဖြစ်ပြီး လူသတ်မှုများစွာ ကျူးလွန်ထားသလို ဆီတင်ကား၊ စက်သုံးဆီကား၊ ကုန်တင်ကား၊ ဘိလပ်မြေကား စသည့် ရေစကြိုမြို့သို့ တင်ပို့နေသော ပြည်သူ့လူသုံးကုန်များကို စစ်တပ်နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ လုယက်မှုကျုးလွန်နေသည့်အပြင် PDF အဖွဲ့များက လေလံတင်ရောင်းကာ ဖြတ်သန်းခကောက်လိုက်သည့် သစ်တင်ကားကိုပင် လုယက်သိမ်းယူသည့်အတွက် လူသတ်ဓားပြတိုက်အဖွဲ့ဟု နာမည်ပျက်နေသော PDF အဖွဲ့ဖြစ်သည်။

မူရင်းသတင်း — Myanmar Transparency News