Eleven Media Group

ဒိုင်လူကြီးကို ဝေဖန်ပြစ်တင်ခဲ့တဲ့ ရာဖင်ညာ (၃)ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိနေ

Photo: X

ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမား ရာဖင်ညာဟာ အက်သလက်တီကို ၁-၂ ဘာစီလိုနာပွဲအပြီးမှာ ဒိုင်လူကြီးကို ပြင်းပြင်းထန်ထန်ဝေဖန်ပြစ်တင်ခဲ့တာကြောင့် (၃)ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိကြောင်း သိရပါတယ်။
ရာဖင်ညာဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲကို ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ခြင်းမရှိခဲ့ပေမဲ့ ကွင်းလယ်ဒိုင်လူကြီး တာပင်အနေနဲ့ အိမ်ရှင်အသင်းဘက်ကို အလေးပေးခဲ့ကြောင်း ဝေဖန်ပြစ်တင်ခဲ့တာပါ။
''ကျွန်တော်တို့ လုယက်ခံခဲ့ရတာပါ။ ကျွန်တော် ဒိုင်တွေရဲ့ လုပ်ဆောင်မှုအကြောင်း မပြောချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အရမ်းကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ သူတို့ ပြစ်ဒဏ်ဘော ဘယ်နှကြိမ်ကျူးလွန်ခဲ့သလဲဆိုတာ ကျွန်တော် မသိပါဘူး။ ဒိုင်လူကြီးကတော့ အဝါကတ်တစ်ကြိမ် တောင် မပြခဲ့ပါဘူး။ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အားလုံးက အရမ်းဆိုးရွားပါတယ်။ ဘာကာအနိုင်ရမှာကို ဘာကြောင့် ကြောက်ရွံ့နေကြသလဲဆိုတာ ကျွန်တော် နားလည်ချင်ပါတယ်'' လို့ ရာဖင်ညာက ပြောကြားခဲ့တာပါ။
ဒါကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ရာဖင်ညာ ပြောကြားခဲ့တဲ့ မှတ်ချက်စကားအပေါ် ဆန်းစစ်သုံးသပ်မှုပြုလုပ်ပြီး ပွဲပယ်ပြစ်ဒဏ် ချမှတ်ဖို့ စီစဉ်နေပြီဖြစ်ကြောင်း စပိန်သတင်းစာ Mundo Deportivo က ဖော်ပြခဲ့ပါတယ်။
ဘာစီလိုနာအသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခဲ့ရပြီဖြစ်တာကြောင့် ရာဖင်ညာအနေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပွဲပယ်ပြစ်ဒဏ် ကျခံရဖွယ်ရှိနေကြောင်းလည်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group