Eleven Media Group

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါးစပ်ကို ဖုံးကွယ်ပြီး ပြိုင်ဘက်ကို ရန်စကားပြောတဲ့ကစားသမား အနီကတ်ပြခံရမယ်

Photo: X

လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါးစပ်ကိုဖုံးကွယ်ပြီး ပြိုင်ဘက်ကို ရန်စကားပြောတဲ့ ကစားသမား အနီကတ်ပြခံရမှာဖြစ်ကြောင်း သိရပါတယ်။
အင်္ဂါနေ့(မနေ့)က ကနေဒါနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့(IFAB)ရဲ့ အထူးအစည်းအဝေးမှာ အခုလို အရေးယူဖို့ ဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။
အဲဒီအစည်းအဝေးမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ဥပဒေစည်းမျဉ်းသစ်နှစ်ခုကို အဆိုပြုခဲ့ပြီး နှစ်ခုစလုံးကို IFAB က အတည်ပြုလက်ခံလိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။
နောက်ထပ် စည်းမျဉ်းတစ်ခုကတော့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ဆန္ဒပြပြီး ကွင်းထဲက ထွက်ခွာတဲ့ ကစားသမားတွေကိုလည်း အနီကတ်ပြ အရေးယူမှာပါ။
ဒီစည်းမျဉ်းက မော်ရိုကိုနဲ့ ဆီနီဂေါတို့ ယှဉ်ပြိုင်ခဲ့တဲ့ အာဖရိကနိုင်ငံများဖလားဗိုလ်လုပွဲမှာ ဆီနီဂေါကစားသမားတွေ ကွင်းထဲက ထွက်ခွာသွားခဲ့တာကြောင့် အငြင်းပွားစရာအကျိုးဆက်တွေ ဖြစ်ပေါ်လာတဲ့အတွက် ပြဌာန်းလိုက်တဲ့ စည်းမျဉ်းသစ်ပါ။
ပါးစပ်ကို ဖုံးကွယ်ပြီး ရန်စကားပြောတဲ့ကစားသမားတွေကို အနီကတ်ပြဖို့ စည်းမျဉ်းသစ် ပြဌာန်းလိုက်ခြင်းကတော့ ဘင်ဖီကာနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ် Play-offs အဆင့်မှာ ရီးယဲလ်ကစားသမား ဗင်နီစီယပ်စ်ကို ဘင်ဖီကာကစားသမား ပရက်စ်တီယန်နီက ပါးစပ်ကို အကျင်္ီနဲ့ဖုံးကွယ်ကာ လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုခဲ့တာကြောင့် ဖြစ်ပါတယ်။
ပရက်စ်တီယန်နီဟာ အဲဒီလုပ်ရပ်ကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ (၆)ပွဲပယ်ပြစ်ဒဏ် ချမှတ်အရေးယူခြင်းခံခဲ့ရပါတယ်။

မူရင်းသတင်း — Eleven Media Group