Myanmar Transparency News

တောင်ဥက္ကလာပမြို့နယ်ရှိ နှစ်ဝိုင်းဘုန်းကြီးကျောင်းဝန်းအတွင်း သေဆုံးနေသည့် ပိုင်ရှင်မဲ့ရုပ်အလောင်းတွေ့ ရှိ

သက်တံ့
၁၄. ၅. ၂၀၂၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၅) ရပ်ကွက်ရှိ နှစ်ဝိုင်းဘုန်းကြီးကျောင်းဝန်းအတွင်း သေဆုံးနေသည့် ပိုင်ရှင်မဲ့ရုပ်အလောင်းတစ်ခုကို ယနေ့ မေလ ၁၄ ရက်နံနက်တွင် တွေ့ရှိခဲ့ကြောင်း မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်း၏ ကူညီမှုမှတ်တမ်းအရ သိရှိရသည်။

အသက် ၅၀ ကျော်ဟု ခန့်မှန်းရသော သေဆုံးအမျိုးသားမှာ ဖိနပ်မပါဘဲ အပြာရောင်အင်္ကျီ၊ အနက်ကွက်စိပ်ပုဆိုးဝတ်ဆင်ထားပြီး နှစ်ဝိုင်းဘုန်းကြီးကျောင်း၏ လိုတရ ဆုတောင်းပြည့်ဘုရား၊ ပြည်လုံးချမ်းသာဘုရားတန်ဆောင်းအတွင်း ပြင်ပဒဏ်ရာမတွေ့ရဘဲ လဲကျသေဆုံးနေခြင်း ဖြစ်သည်ဟုလည်း ကနဦး သိရသည်။

အဆိုပါ ပိုင်ရှင်မဲ့ရုပ်အလောင်းကို လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်နိုင်ရန်အတွက် တာဝန်ရှိသူများ စိစစ်ပြီးနောက် မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်းကပင် စံပြဆေးရုံရင်ခွဲရုံသို့ ပိုဆောင်ပေးခဲ့သည်ဟု သိရသည်။

မူရင်းသတင်း — Myanmar Transparency News