Myanmar Transparency News

ဂီယာထိုးမှား၍ ကားနောက်ပြန်ပြုတ်ကျရာမှ အမျိုးသမီးတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရမှု ကျိုင်းတုံတွင် ဖြစ်ပွား

၁၆.၅.၂၀၂၆
Written by KL

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ထပ်တင်ကာတောရကျောင်းအတက်လမ်းတွင် အလှူသွားသူများ လိုက်ပါလာသော ကားတစ်စီး ဂီယာထိုးမှား၍ နောက်ပြန်ပြုတ်ကျရာမှ တစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိမှု မေလ ၁၅ ရက်၊ နံနက် ၉ နာရီခွဲတွင် ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည့် တိုင်း​နေနာရေးကူညီမှုအသင်းထံမှ သိရသည်။

ယာဥ်တိမ်းမှောက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဦးအပါအဝင် သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာမရှိကြောင်း၊ မော်တော်ယာဥ်တစ်စီးလည်းပျက်စီးခဲ့ကြောင်း သိရသည်။

“မိသားစုက ဆွမ်းကပ်ဖို့သွားရင်းက ဖြစ်သွားတာ။ ဒဏ်ရာရတဲ့ လေးယောက်ထဲမှာ ဒဏ်ရာပြင်းထန်တဲ့ အမျိုးသမီးတစ်ယောက်ကတော့ ဆေးရုံအရောက်မှာပဲ ဆုံးသွားတယ်”ဟု ကျိုင်းတုံဒေသခံတစ်ဦးက ပြောသည်။

မော်တော်ယာဥ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူများကို နှလုံးလှပိုင်ရှင်များအသင်းနှင့် တိုင်းနေနာရေးကူညီမှုအသင်းမှ အသင်းဝင်များက ကျိုင်းတုံ​ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News