
ကွာလာလမ်ပူ၊ မေ ၂၅ ရက် (ဆင်ဟွာ)
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် မေ ၂၄ ရက်က ကျင်းပပြီးစီးခဲ့သည့် ၂၀၂၆ မလေးရှား မာစတာစ် ကြက်တောင်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း၊ အမျိုးသမီးနှစ်ယောက်တွဲနှင့် အမျိုးသား/အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတို့တွင် တရုတ်နိုင်ငံက ချန်ပီယံဆုများ အသီးသီးဆွတ်ခူးနိုင်ခဲ့ကြသည်။
အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲ၌ လီရှီးဖုန်းက တည်ငြိမ်သည့်လက်စွမ်းကို ပြသခဲ့ပြီး ထိုင်းနိုင်ငံမှ ပါနစ်ချာဖွန် တီရာရတ်ဆာကူးလ်ကို ၂၁-၁၆၊ ၂၁-၁၇ မှတ်ဖြင့် အနိုင်ယူကာ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည်။
အမျိုးသမီးနှစ်ယောက်တွဲ ဗိုလ်လုပွဲ၌ ချန်ဖန်စူးထျန်နှင့် လောရွှီမင်တို့က ဂျပန်နိုင်ငံမှ ဆာယာကာ ဟိရိုတာနှင့် အာယာကို ဆာခုရမိုတိုတို့ကို ၂၁-၁၆၊ ၂၅-၂၃ ဖြင့် အကြိတ်အနယ်ကစားကာ အနိုင်ရရှိခဲ့သည်။
ထို့အတူ အမျိုးသား/အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲ၌လည်း ကောင်းကျားရွှန့် နှင့် ဝေ့ရာရှင်းတို့က ထိုင်းနိုင်ငံမှ ပက်ခ်ကာပွန်း တီရာရတ်ဆာကူးလ်နှင့် ဆပ်ဆီရီ တေရတ်တနာချိုင်းတို့ကို ၂၁-၁၃၊ ၁၅-၂၁၊ ၂၁-၁၁ မှတ်ဖြင့် အနိုင်ယူကျော်ဖြတ်ကာ ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့သည်။
သို့သော် အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲတွင်မူ ထိုင်းနိုင်ငံမှ ရတ်ချာနော့ အင်တာနွန်က ချန်ယွီဖေးကို ၂၁-၁၇၊ ၂၁-၁၅ ဖြင့် အနိုင်ရရှိခဲ့သည့်အတွက် တရုတ်နိုင်ငံအနေဖြင့် စတုတ္ထမြောက် ဆုဖလားကို ပွတ်ကာသီကာ လက်လွှတ်ခဲ့ရသည်။
အမျိုးသားနှစ်ယောက်တွဲ ဗိုလ်လုပွဲ၌ ဒိန်းမတ်နိုင်ငံမှ ဒါနီရယ် လန်းဂ့ါဒ်နှင့် မက်စ် ဗက်စတာဂ့ါဒ်တို့က မလေးရှားနိုင်ငံမှ ဂိုဇီဖေးနှင့် နူအာ အစ်ဇူဒင် ရမ်ဆာနီတို့ကို ၂၁-၁၆၊ ၂၁-၁၇ မှတ်ဖြင့် အနိုင်ယူကာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ (Xinhua)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ၂၀၂၆ ခုနှစ် မေ ၂၄ ရက်က တရုတ်နိုင်ငံမှ ကောင်းကျားရွှန့်/ဝေ့ရာရှင်းတို့နှင့် ထိုင်းနိုင်ငံမှ ပက်ခ်ကာပွန်း တီရာရတ်ဆာကူးလ်နှင့် ဆပ်ဆီရီ တေရတ်တနာချိုင်းတို့ ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၆ မလေးရှားမာစတာစ် ကြက်တောင်ပြိုင်ပွဲ အမျိုးသား/အမျိုးသမီး နှစ်ယောက်တွဲ ဗိုလ်လုပွဲအပြီး ဆုပေးပွဲအခမ်းအနား၌ ရွှေတံဆိပ်ဆုရှင်များဖြစ်သည့် ကောင်းကျားရွှန့် (ယာ) နှင့် ဝေ့ရာရှင်းတို့ အမှတ်တရ ဓာတ်ပုံရိုက်နေစဉ် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ၂၀၂၆ ခုနှစ် မေ ၂၄ ရက်က တရုတ်နိုင်ငံမှ ကောင်းကျားရွှန့်/ဝေ့ရာရှင်းတို့နှင့် ထိုင်းနိုင်ငံမှ ပက်ခ်ကာပွန်း တီရာရတ်ဆာကူးလ်နှင့် ဆပ်ဆီရီ တေရတ်တနာချိုင်းတို့ ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၆ မလေးရှားမာစတာစ် ကြက်တောင်ပြိုင်ပွဲ အမျိုးသား/အမျိုးသမီး နှစ်ယောက်တွဲ ဗိုလ်လုပွဲ၌ ကောင်းကျားရွှန့် (ဝဲ) နှင့် ဝေ့ရာရှင်းတို့ ပြိုင်ပွဲဝင်နေစဉ် (ဆင်ဟွာ)

……………………………………………….
(English Version)
China claims three titles at Malaysia Masters
KUALA LUMPUR, May 24 (Xinhua) — China wrapped up the 2026 Malaysia Masters with titles in men’s singles, women’s doubles and mixed doubles after the finals concluded here on Sunday.
Li Shifeng delivered a composed performance in the men’s singles final, defeating Thailand’s Panitchaphon Teeraratsakul 21-16, 21-17 to secure the title.
In women’s doubles, Chen Fanshutian and Luo Xumin edged Japan’s Sayaka Hirota and Ayako Sakuramoto 21-16, 25-23 in a tightly contested final.
Mixed doubles pair Gao Jiaxuan and Wei Yaxin also lifted the trophy after overcoming Thailand’s Pakkapon Teeraratsakul and Sapsiree Taerattanachai 21-13, 15-21, 21-11.
China narrowly missed out on a fourth title as Thailand’s Ratchanok Intanon defeated Chen Yufei 21-17, 21-15 in the women’s singles final.
In men’s doubles, Denmark’s Daniel Lundgaard and Mads Vestergaard beat Malaysia’s Goh Sze Fei and Nur Izzuddin Rumsani 21-16, 21-17 to claim the championship.
English Caption 1
Chen Fanshutian/Luo Xumin (R) pose on the podium at the awarding ceremony for the women’s doubles final match between Chen Fanshutian/Luo Xumin of China and Hirota Ayaka/Ayako Sakuramoto of Japan at 2026 Malaysia Masters badminton tournament in Kuala Lumpur, Malaysia, May 24, 2026. (Photo by Chong Voon Chung/Xinhua)
English Caption 2
Gold medalists Gao Jiaxuan (R)/Wei Yaxin of China pose during the awarding ceremony after the mixed doubles final match between Gao Jiaxuan/Wei Yaxin of China and Pakkapon Teeraratsakul/Sapsiree Taerattanachai of Thailand at 2026 Malaysia Masters badminton tournament in Kuala Lumpur, Malaysia, May 24, 2026. (Photo by Chong Voon Chung/Xinhua)
English Caption 3
Gao Jiaxuan (L)/Wei Yaxin compete during the mixed doubles final match between Gao Jiaxuan/Wei Yaxin of China and Pakkapon Teeraratsakul/Sapsiree Taerattanachai of Thailand at 2026 Malaysia Masters badminton tournament in Kuala Lumpur, Malaysia, May 24, 2026. (Photo by Chong Voon Chung/Xinhua)