Myanmar National Post

ပခုက္ကူမြို့နယ်၌ ကိုယ်ပိုင်အထက်တန်းကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက်အမျိုးသားဘောလုံးအားကစားပြိုင်ပွဲကျင်းပ








ပခုက္ကူ၊ စက်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ကိုယ်ပိုင်အထက်တန်းကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက်အမျိုးသား ဘောလုံးအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ၂နာရီအချိန်က ခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။ 

ပထမဦးစွာ ပခုက္ကူမြို့နယ်ကိုယ်ပိုင်အထက်တန်းကျောင်းပေါင်းစုံ အမျိုးသားဘောလုံးအားကစားပြိုင်ပွဲကို တာဝန်ရှိသူ များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်အေးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းနိုင်စိုးတို့က ဂုဏ်ပြုအမှာစကားပြောကြားသည်။

ထို့နောက် မြို့နယ်ကိုယ်ပိုင်အထက်တန်းကျောင်းအသင်းစုဥက္ကဋ္ဌ ဦးသိန်းဇော်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ် ချက်များအကြောင်းရှင်းလင်းပြောကြားရာ ကျောင်းသားကျောင်းသူများကပန်းပွားအက၊ဝူရှူးသိုင်းကွက်တို့ဖြင့် သရုပ်ပြဖျော်ဖြေ ခြင်း၊ အားကစားသမားများအား လှပျိုဖြူများက ပန်းစည်းများပေးအပ်ခြင်း၊ တာဝန်ရှိသူများက လိုက်လံနှုတ်ဆက်အားပေး စကားပြောကြားခြင်းများဆောင်ရွက်ကြပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ကွင်းအတွင်းဘောလုံးကန်သွင်းပေး ကာ ပြိုင်ပွဲစတင်ယှဉ်ပြိုင်ကစားကြသည်။ 

ဆက်လက်၍ အဖွင့်ပွဲစဉ်အဖြစ် ပညာမဏ္ဍိုင်အသင်းနှင့် ပညာစိုးစံအသင်းတို့ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်တစ်ဂိုးစီဖြင့် သရေကြသည်။ အဆိုပါပြိုင်ပွဲကို  ၂၀၂၆ခုနှစ်၊စက်တင်ဘာလ၁၅ရက်မှ ၂၉ရက်နေ့အထိကျင်းပသွားမည်ဖြစ်ပြီး ဘောလုံး ကိုယ် ပိုင် အထက်တန်းကျောင်း (၁၅)ကျောင်း ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။ 

ဘာမီသာ(ပခုက္ကူ)

#News #Myanmar

မူရင်းသတင်း — Myanmar National Post