Myanmar Transparency News

ဆိုင်ကယ်ဖြင့်ရောက်လာသည့် PDF ခြောက်ဦးက လက်နက်မဲ့အမျိုးသားတစ်ဦးကို ဒလန်ဟုဆိုကာ ပစ်သတ်

နေမိုး
၈. ၆. ၂၀၂၆

နေအိမ်တွင်ရှိနေသော လက်နက်မဲ့အမျိုးသားတစ်ဦးကို ဒလန်ဟုစွပ်စွဲကာ PDF ခြောက်ဦးက ပစ်ခတ်သတ်ဖြတ်လိုက်မှု တောင်တွင်းကြီးမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

NUG ဩဇာခံ ပဲခူး PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ် ဇွန် ၅ ရက် နံနက် ၉ နာရီ ၄၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ရေပြည့်ကျေးရွာနေ ဦးရွှေအောင်(၄၃)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ခြောက်ဦးက ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး ဒလန်ဟုစွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးရွှေအောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

နောက်ဆုံးထုတ်ပြန်ချက်များအရ နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှိ၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

မူရင်းသတင်း — Myanmar Transparency News