Myanmar Transparency News

ရေကန်အတွင်း အမည်မသိအမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိမှု မြဝတီမြို့တွင် ဖြစ်ပွား

၉.၆.၂၀၂၆
Written by KL

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက် ကရင်စာပေ(၅)လမ်း အနောက်ဘက်ရှိ ရေကန်တွင် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ဇွန်လ ၈ ရက် ညနေ ၆ နာရီခန့်က တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူမှာ အသက် ၄၀ ကျော်ခန့်ရှိပြီး မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်း သိရသည်။

ရေကန်ထဲတွင် တွေ့ရှိသော အမျိုးသား၏ ရုပ်အလောင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်များနှင့် ဒေသခံများက ဝိုင်းဝန်းဆယ်ယူ၍ မြဝတီမြို့ပြည်သူ့ဆေးရုံသို့ ရုပ်အလောင်းကို ပို့အပ်ထားကြောင်း သိရသည်။

အမျိုးသားတစ်ဦးရေကန်ထဲတွင် သေဆုံးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက သေမှုသေခင်းအမှတ်စဥ်ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News